နိုင်ဂျီးရီးယား တိုက်ခိုက်မှု သူတို့လက်ချက်ဖြစ်ကြောင်း ဘိုကိုဟာရမ်အဖွဲ့ ပြော

941
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက ဘာဂါမြို့မှာ အရပ်သား ရာပေါင်းများစွာ သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုဟာ သူတို့လက်ချက်လို့ ဘိုကိုဟာရမ်အဖွဲ့က ပြောကြားလိုက်ပါတယ်။
အခုနောက်ဆုံး ဖြန့်ချိလိုက်တဲ့ ဗွီဒီယိုမှာ ဘိုကိုဟာရမ်အဖွဲ့ခေါင်းဆောင် အဘူဘာခါ ရှိတ်ခူးက စစ်စခန်းတခုကို ၀င်တိုက်ခဲ့တာလို့ ပြောပါတယ်။
အကြမ်းဖက်အဖွဲ့ဟာ ဘာဂါမြို့ကို ဒီနှစ်ဆန်းပိုင်းက ၀င်စီးခဲ့မှုမှာ အဆောက်အအုံတွေကို ဖျက်ဆီးပြီး အိမ်တွေကို မီးရှို့ခဲ့သလို ထွက်ပြေးတဲ့ အရပ်သားတွေကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။
[caption id="attachment_78014" align="alignright" width="330"]
ဘိုကိုဟာရမ် ခေါင်းဆောင် အဘူဘာခါ ရှိတ်ခူး[/caption]
နယ်ခံ အရာရှိတချို့က အရပ်သား ၂ ထောင် သေ ဆုံးခဲ့တယ် လို့ ပြောပေမယ့် စစ်တပ် ကတော့ သေဆုံးသူ ၁၅၀ ပဲ ရှိတယ်လို့ ဆိုပါတယ်။
ဇန်န၀ါရီ ၂၀ ရက်နေ့က အင်တာ နက်ပေါ် ရောက် လာတဲ့ ဗွီဒီယိုမှာတော့ ဘိုကိုဟာရမ်အဖွဲ့ ခေါင်းဆောင်က “တိုက်ခိုက်မှုဟာ သူတို့ လက်ချက်ဖြစ်တယ်၊ အခုမှ အစပဲ ရှိသေးတယ်” လို့ ခြိမ်းခြောက်ပြောဆိုထားပါတယ်။
ဘာဂါမြို့မှာ ချတ်၊ နိုက်ဂျာနဲ့ ကင်မရွန်းတို့က တပ်ဖွဲ့တွေ စခန်းချပါတယ်။
ဘိုကိုဟာရမ်အဖွဲ့ဟာ မနှစ်က ၁ နှစ်တည်း လူ ၁ သောင်းလောက်ကို သတ်ဖြတ်ခဲ့လို့ ကမ္ဘာမှာ အဆိုးဆုံး အကြမ်းဖက် အဖွဲ့ဖြစ်လာပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံမှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကျရင် ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားတာဖြစ်လို့ ဘိုကိုဟာရမ်အဖွဲ့ရဲ့ အန္တရာယ်ဟာ အဓိက စိုးရိမ်စရာ ဖြစ်နေပါတယ်။