ဓားစာခံ ၂ ဦး ပြန်လွတ်ရေး အစွမ်းကုန်ကြိုးစားမည်ဟု ဂျပန်ဝန်ကြီးချုပ် ကတိပြု

1.2K
အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်စစ်သွေးကြွတွေ ဖမ်းဆီးထားတဲ့ နိုင်ငံသား ၂ ဦး ပြန်လည်လွတ်မြောက်ရေး အစွမ်းကုန်ကြိုးစားသွားမယ်လို့ ဂျပန်ဝန်ကြီးချုပ်က ကတိပြုလိုက်ပါတယ်။
[caption id="attachment_71686" align="alignleft" width="323"]
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး[/caption]
ဂျေရုဆလင်မြို့မှာရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ်က ဇန်န၀ါရီ ၂၀ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အိုင်အက်စ်စစ်သွေးကြွတွေ ပြန်ပေးဆွဲထားတဲ့ ဂျပန်ဓားစာခံ ၂ ဦး ပြန်လည်လွတ်မြောက်ဖို့ အစွမ်းရှိသမျှ အကုန်လုပ်မယ်လို့ ကတိပြုခဲ့တာပါ။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေဟာ ရာမာလာဒေသက ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ်စ်နဲ့ တွေ့ဆုံခဲ့ပြီး ပါလက်စတိုင်းခေါင်းဆောင် ယာဆာ အာရာဖတ်ရဲ့ ဂူကိုလည်း သွားရောက် ပန်းခွေချပါတယ်။
ဂျပန်ဝန်ကြီးချုပ်ရဲ့ ၃ ရက်ကြာ ဒီခရီးစဉ်အတွင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၊ သမ္မတ၊ အတိုက်အခံ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။