A d v e r t i s e m e n t With Us

အိုင်အက်စ်နှိမ်နင်းရေး အခွင့်အာဏာပေးရန် အိုဘားမား တောင်းဆို

အမေရိကန်သမ္မတ ဘာရတ် အိုးဘားမားက အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်စစ်သွေးကြွတွေကို နှိမ်နင်းနိုင်ဖို့ အတွက် ကွန်ဂရက်ဆီက အခွင့်အာဏာ အပ်နှင်းပေးဖို့  တောင်းဆိုလိုက်ပါတယ်။ US President Barack Obama and British Prime Minister David Cameron appear at their joint press conference following meeting at the White Houseအမေရိကန်နဲ့ မဟာမိတ်တပ်တွေဟာာ အကြမ်းဖက်သမားတွေကို အီရတ်မှာ ရှေ့မတိုးနိုင် အောင် တားဆီးထားနိုင်တယ်လို့ သမ္မတ အိုးဘားမားက နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ ပြောပါ တယ်။ အိုင်အက်စ်အဖွဲ့ကို ရင်ဆိုင်တဲ့နေရာမှာ အမေရိကန်ပြည်မှာ  စည်းလုံးညီညွတ်တယ်ဆိုတာကို ကမ္ဘာကို ပြသဖို့ တောင်းဆိုပါတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။။ တချိန်တည်းမှာ အီရန်အပေါ် နျူးကလီးယား အစီအစဉ် အငြင်းပွားမှုအတွက် ဒဏ်ခတ် ပိတ်ဆို့မှုအသစ်တွေ အလောတကြီး မချမှတ်ဖို့၊ ကျူးဘားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ကိစ္စတို့ကိုလည်း သမ္မတ အိုဘားမားက ကွန်ဂရက်ကို တိုက်တွန်းလိုက်ပါတယ်။ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ဒီလိုမျိုး  နိုင်ငံတကာ ဆက်ဆံရေးကိစ္စအပြင်၊  ပြည်တွင်း လုံခြုံရေးကိစ္စ၊ တိုင်းပြည်စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စတွေလည်း ပါဝင်ပါတယ်။ အမေရိကန်စီးပွားရေးဟာ ပြန်လည်ဦးမော့လာပြီး အလုပ်လက်မဲ့နှုန်းဟာလည်း ကျဆင်းနေ တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ အိုဘားမား မိန့်ခွန်းပြောနေချိန်မှာ ကွန်ဂရက်အမတ်တချို့က ပြင်သစ်နိုင်ငံ ပါရီမြို့က ချာလီ ဟပ်ဘဒို မဂ္ဂဇင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသွားသူတွေကို ထောက်ခံတဲ့အနေနဲ့ရော၊ လွတ်လပ်စွာ ပြောရေးဆိုခွင့်ကို ထောက်ခံတဲ့ အနေနဲ့ပါ ခဲတံတွေကို ထောင်ပြီး ဝှေ့ယမ်းခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up