A d v e r t i s e m e n t With Us

စီရော်နယ်လ်ဒို တွဲခုတ်နေသည့် စပိန် သတင်းထောက်

ရုရှားမော်ဒယ် အိုင်ရီနာ ရှန်ကီနဲ့ လမ်းခွဲလိုက်တဲ့ ရီးရဲလ်မက်ဒရစ် ကလပ်အသင်းက ကစားသမား ခရစ္စတီယာနို စီရော်နယ်ဒိုက စပိန် ရုပ်သံသတင်းထောက် လူစီယာ ဗီလာနွန်နဲ့ တွဲခုတ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ကမ္ဘာအကောင်းဆုံး ဘောလုံးသမား ရွေးချယ်တဲ့အခမ်းအနားမှာ အိုင်ရီနာက လာရောက်ခဲ့ခြင်း မရှိပေမယ့် အကောင်းဆုံး ဘောလုံးသမား ရွေးချယ်ခံရပြီးတဲ့နောက်မှာတော့ ဗီလာနွန်နဲ့ အောင်ပွဲခံနေတဲ့ ဓာတ်ပုံတွေ ပေါ်ထွက်လာပါတယ်။ ဂျာနယ်လစ်ဇင်အထူးပြုနဲ့ ဘွဲယူထားတဲ့ အသက် ၂၆ နှစ်အရွယ် ဗီလာနွန်က စပိန် ရုပ်သံ သတင်းထောက်တဦးလည်း ဖြစ်ပါတယ်။ မကြာခင်က ဂီတာဖေးနဲ့ ကစားတဲ့ပွဲကို ဗီလာနွန်က သွားရောက် အားပေးခဲ့ပြီး ဒီပွဲမှာ ရိုက်ယူထားတဲ့ ဓာတ်ပုံတွေကိုလည်း လူမှုရေးကွန်ရက် တွစ်တာစာမျက်နှာပေါ်မှာ တင်ခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ ထွက်ပေါ်နေတဲ့သတင်းတွေနဲ့ ပတ်သက်ပြီး ရာဟုသတင်းဌာနက ရီးရဲလ်မက်ဒရစ်ရုပ်သံကို မေးကြည့်ရမှာတော့ အားကစားသတင်းတွေကိုပဲ တင်ဆက်တာဖြစ်ပြီး စိတ်ကူးယဉ်ဆန်တဲ့ အချစ်အကြောင်းတော့  ချာနယ်ကနေ မလွှင့်ဘူးလို့ ပြောပါတယ်။ ရော်နယ်ဒိုမှာ သားတယောက်ရှိပြီး ဒီကလေးဟာ ဘယ်သူနဲ့ ရထားတယ်ဆိုတာကိုတော့ အခုအချိန်ထိ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် ဒီကလေးကို အမေရိကန်ဒေါ်လာ ၁၀ သန်း အကုန်ခံပြီး အသက် ၂၀ အရွယ် ဗြိတိန်ကျောင်းသူနဲ့ ယူခဲ့တာလို့ ၂၀၁၁ ခုနှစ်က သတင်းတွေမှာ ဖော်ပြပါတယ်။ [gallery ids="77930,77931,77932,77933"]

A d v e r t i s e m e n t With Us

More News
Up