ဘောလုံးသမား အပြောင်းအရွှေ့ တိုတိုထွာထွာ

2.9K
ခရစ္စတီယာ ရော်နယ်ဒို
စပိန် လာလီဂါ ရီးရဲမက်ဒရစ် အသင်းမှာ ကစားသမားဘ၀ အဆုံးသတ်သွားမယ်ဆိုရင် ဘရာဇီလ်းနိုင်ငံမှာ သွားရောက်ကစားပြီး ဘောလုံးသမားဘ၀ကို အဆုံးသတ်လိုတယ်လို့ ခရစ္စတီယာ ရော်နယ်ဒိုက ပြောပါတယ်။
ရော်နယ်ဒိုကို ပြန်လည် ခေါ်ယူဖို့ ကြိုးစားနေတဲ့ အင်္ဂလန် ပရီးမီးယားလိဂ်က မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းအတွက်တော့ ဒီပြောဆိုချက်ဟာ ထိုးနှက်ချက်တခု ဖြစ်သွားတယ်လို့ ဗြိတိန် အခြေစိုက် မက်ထရို သတင်းက ရေးပါတယ်။
မာကင်းညော့
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပဲရစ်စိန့်ဂျာမိန်းအသင်းက မာကင်းညော့ကို ကမ္ဘာစံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ သတင်းထွက်ပေါ်နေပါတယ်။
အသက် ၂၀ ဘရာဇီလ်း နောက်တန်းခံစစ်မှူးကို ပေါင် ၁၁၂ သန်းနဲ့ ၀ယ်ယူဖို့ ရှိနေတယ်လို့ သည်ဆန်းသတင်းက ဖော်ပြပါတယ်။
အဲလက်စ် ၀က်စ်ဆာ
ဘယ်ဂျီယံနိုင်ငံနဲ့ ဇင်းနစ် စိန့်ပီတာ စပတ်အသင်းမှာ ကစားနေတဲ့ အဲလက်စ်ဝက်စ်ဆာက အင်္ဂလန် ပရီးမီးယားလိဂ်မှာ ကစားဖို့ ဆန္ဒရှိနေတယ်လို့ ပြောဆိုလိုက်ပါတယ်။
ဒီအတွက် သူကို ခေါ်ယူဖို့ စိတ်အား ထက်သန်နေတဲ့ အင်္ဂလန် ပရီးမီးယားလိဂ်က မန်ချက်စတာ ယူနိုက်တက် အသင်း မန်နေဂျာ လူးဝစ် အတွက် အချက်ပြ မီးစိမ်းတခု ဖြစ်သွားပြီလို့ ဗြိတိန် အခြေစိုက် ဒေးလီး စတား သတင်းက ရေးပါတယ်။
ဟွန်ခရာဒို
အင်္ဂလန်ပရီးမီးယားလိဂ်က ချဲလ်ဆီးအသင်းဟာ ကိုလံဘီယာနဲ့ ဖီအိုရင်တီးနား အသင်းက ကစားသမား ဟွန်ခရာဒိုကို ခေါ်ယူဖို့ စိတ်အား ထက်သန်နေပါတယ်။
ဒါပေမယ့်လည်း အင်ဒရှုးရှရဲလ်ကိုတော့ ရောင်းချရမယ်လို့ ဗြိတိန် ဒေးလီးစတား သတင်းက ရေးပါတယ်။
ဂျိမ်းမီလာ
အင်္ဂလန် အလယ်တန်း ကစားသမား ဂျိမ်စ်း မီနာက အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာ စီးတီး ကလပ်အသင်းကို စွန့်ခွာဖို့ ပိုမို နီးစပ်လာပြီလို့ဆိုပါတယ်။
စာချုပ် အသစ် ချုပ်ဆိုဖို့ ကျန့်ကြာနေတဲ့နောက်မှာ စွန်ခွာဖို့ ပိုမို နီးစပ်လာတာ ဖြစ်တယ်လို့ ဗြိတိန် ဂါးဒီးယန်း သတင်းက ရေးပါတယ်။
ဂါးဘီးယား ပေါ်လစ္စတာ
စပိန်လာလီဂါအသင်းက နောက်ခံလူ ဂါးဘီးယား ပေါ်လစ်စတာကို ခေါ်ယူဖို့ အတွက် အာဆင်နယ် အသင်းက ကြိုးစားနေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း အသက် ၂၄ နှစ်အရွယ် ဒီဘရာဇီလ်း ဘောလုံးသမားခေါ်ယူရေးအတွက် အလုပ်လုပ်ခွင့် ဗီဇာရရှိမှုအပေါ် မူတည်နေတယ်လို့ ဗြိတိန် တယ်လီဂရပ်ဖ်သတင်းမှာ ဖော်ပြပါတယ်။
စတီဖိန်း အွမ်ဘီးယား
အင်္ဂလန် ပရီးမီးယားလိဂ် အသင်းက ခရစ္စတယ်ပဲလေ့စ်အသင်းက အသက် ၂၈ နှစ်အရွယ် ကင်မရွန်းနဲ့ ဆာဗီးလား အလယ်တန်းလူ စတီဖိန်း အွမ်ဘီးယားကို စိတ်ဝင်စားနေပါတယ်။
ခေါ်ယူမယ်ဆိုရင်တော့ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။