အဝေးပြေးတံတား ပြိုကျမှုကြောင့် အမေရိကန်တွင် လူ ၁ ဦး သေဆုံး
အမေရိကန်နိုင်ငံ အိုဟိုင်းအိုးပြည်နယ် စင်စင်နာတီမြို့မှာ အဝေးပြေးလမ်းရှိရာ တံတားတစင်း ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၉ ရက်နေ့က ပြိုကျခဲ့လို့ လူ ၁ ဦး သေဆုံးပြီး နောက်တယောက် ဒဏ်ရာရတယ်လို့ အန်ဘီစီရုပ်သံက အစီရင်ခံပါတယ်။
အမှတ် ၇၅ ပြည်နယ်ချင်းကြား အဝေးပြေးလမ်းဆီကို ချိတ်ဆက်တဲ့ ခုံးကျော်တံတားပေါ်မှာ အလုပ်လုပ်နေတဲ့ ဆောက်လုပ်ရေးလုပ်သားတယောက် သေဆုံးပြီး ကုန်ကားကြီး မောင်းသူ ဒဏ်ရာရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
လူသေတဲ့ ပြိုကျမှုကို စုံစမ်းစစ်ဆေးနေတဲ့အဖွဲ့ကတော့ အဝေးပြေးလမ်းပေါ်မှာ ကွန်ကရစ်တွေ တန်ချိန် ၁၀၀ လောက် ဘာကြောင့် ပြိုကျခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ပြောပါတယ်။
အမှတ် ၇၅ အဝေးပြေးလမ်းရဲ့ တောင်ပိုင်းကို သွားတဲ့လမ်းကြောင်းတွေကိုတော့ လာမယ့် ၂ ရက်လောက်ထိ ပိတ်ထားမယ်လို့ မျှော်လင့်ရကြောင်း ဒေသခံမီဒီယာက အစီရင်ခံထားပါတယ်။
[gallery ids="77912,77913,77914,77915"]