နယူးယောက်လေဆိပ် ဗုံးသတိပေးမှုကြောင့် လေယာဉ် ၂ စီးကို အရေးပေါ်ရှာဖွေ
အမေရိကန်နိုင်ငံ နယူးယောက်မြို့က ဂျွန်အက်ဖ်ကနေဒီ နိုင်ငံတကာလေဆိပ်မှာ ဗုံးခြိမ်းခြောက်မှုတခုကြောင့် ဇန်န၀ါရီ ၁၉ ရက်နေ့က လေယာဉ် ၂ စီးကို အရေးပေါ်အဖွဲ့တွေ ရှာခဲ့တယ်လို့ အန်ဘီစီရုပ်သံက အစီရင်ခံပါတယ်။
ဘယ်သူဘယ်ဝါမှန်းမသိရတဲ့ ဖုန်းခေါ်သူက လေယာဉ်ပေါ်မှာ ဖောက်ခွဲရေးပစ္စည်းပါတယ်လို့ သတိပေးမှုကြောင့် လေကြောင်းနံပါတ် တူညီပြီး ခရီးစဉ်မတူတဲ့ ဒယ်လ်တာ ၄၆၈ (Delta 468) လေယာဉ် ၂ စီးကို ရှာခဲ့တယ်လို့ ဆိုပါတယ်။
လေယာဉ်တစီးက အစ္စရေးနိုင်ငံ တဲလ်အဗစ်ကို ထွက်ခွာဖို့ ပြင်ဆင်နေပြီး နောက်တစီး ကတော့ ဆန်ဖရန့်စစ္စကိုကနေ လာရောက် ဆင်းသက်တဲ့ လေယာဉ်တွေပါ။ ဒယ်လ်တာ လေကြောင်းလိုင်းရဲ့ ဗဟိုဌာနချုပ်က ဗုံးခြိမ်းခြောက်မှုသတင်းကို ရခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။
လေယာဉ်တွေပေါ်က ခရီးသည်တွေကို သူတို့ပိုင်သမျှ အကုန်ချန်ထားခဲ့ခိုင်းပြီး လေယာဉ်ပေါ်ကနေ နေရာပြောင်း ပေးခဲ့ပြီးနောက် အာဏာပိုင်တွေက လေယာဉ် ၂ စီးလုံးကို စစ်ဆေးရှင်းလင်းခဲ့ပါတယ်။
ဓာတ်ပုံ - ရိုက်တာဗွီဒီယို
[gallery ids="77890,77891,77892,77893,77894,77895,77896"]