နယူးယောက်လေဆိပ် ဗုံးသတိပေးမှုကြောင့် လေယာဉ် ၂ စီးကို အရေးပေါ်ရှာဖွေ

အမေရိကန်နိုင်ငံ နယူးယောက်မြို့က ဂျွန်အက်ဖ်ကနေဒီ နိုင်ငံတကာလေဆိပ်မှာ ဗုံးခြိမ်းခြောက်မှုတခုကြောင့် ဇန်န၀ါရီ ၁၉ ရက်နေ့က လေယာဉ် ၂ စီးကို အရေးပေါ်အဖွဲ့တွေ ရှာခဲ့တယ်လို့ အန်ဘီစီရုပ်သံက အစီရင်ခံပါတယ်။ ဘယ်သူဘယ်ဝါမှန်းမသိရတဲ့ ဖုန်းခေါ်သူက လေယာဉ်ပေါ်မှာ ဖောက်ခွဲရေးပစ္စည်းပါတယ်လို့ သတိပေးမှုကြောင့် လေကြောင်းနံပါတ် တူညီပြီး ခရီးစဉ်မတူတဲ့ ဒယ်လ်တာ ၄၆၈ (Delta 468) လေယာဉ် ၂ စီးကို ရှာခဲ့တယ်လို့ ဆိုပါတယ်။ လေယာဉ်တစီးက အစ္စရေးနိုင်ငံ တဲလ်အဗစ်ကို ထွက်ခွာဖို့ ပြင်ဆင်နေပြီး နောက်တစီး ကတော့ ဆန်ဖရန့်စစ္စကိုကနေ လာရောက် ဆင်းသက်တဲ့ လေယာဉ်တွေပါ။ ဒယ်လ်တာ လေကြောင်းလိုင်းရဲ့ ဗဟိုဌာနချုပ်က ဗုံးခြိမ်းခြောက်မှုသတင်းကို ရခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ လေယာဉ်တွေပေါ်က ခရီးသည်တွေကို သူတို့ပိုင်သမျှ အကုန်ချန်ထားခဲ့ခိုင်းပြီး လေယာဉ်ပေါ်ကနေ နေရာပြောင်း ပေးခဲ့ပြီးနောက် အာဏာပိုင်တွေက လေယာဉ် ၂ စီးလုံးကို စစ်ဆေးရှင်းလင်းခဲ့ပါတယ်။ ဓာတ်ပုံ - ရိုက်တာဗွီဒီယို [gallery ids="77890,77891,77892,77893,77894,77895,77896"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up