A d v e r t i s e m e n t With Us

ကမ္ဘာ့ဂိုးသွင်းအများဆုံးစာရင်း ကျော်ကိုကို အဆင့် ၇တွင် ရပ်တည်

၂၀၁၄ ခုနှစ် ကမ္ဘာ့ဂိုးအသွင်းအများဆုံး ကစားသမားစာရင်းမှာ မြန်မာလက်ရွေးစင် ဘောလုံးအသင်းက ကစားသမား ကျော်ကိုကိုဟာ အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။ Kyaw_Ko_Koနိုင်ငံတကာ ဘောလုံးသမိုင်းနဲ့ စာရင်းဇယားဆိုင်ရာ ဖက်ဒရေးရှင်း (IFFHS) က ထုတ်ပြန်တဲ့စစ်တမ်းမှာ အခုလို ဖော်ပြထားပါတယ်။ ၇ ဂိုးနဲ့ အထက်သွင်းယူခဲ့တဲ့ ကစားသမား ၅၄ ဦးကို ရွေးချယ်ခဲ့တာဖြစ်ပြီး ဥရောပကစားသမား ၂၂ ဦး၊ တောင်အမေရိက ကစားသမား ၁၄ ဦး၊ အာရှကစားသမား ၉ ဦး၊ အာဖရိက ကစားသမား ၈ ဦးနဲ့ ကွန်ကာအက်ဖ်က ၁ ဦး ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ကျော်ကိုကိုက နိုင်ငံအတွက် ၆ ဂိုး၊ ကလပ်အသင်းအတွက် ၆ ဂိုး စုစုပေါင်း ၁၂ ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။ ဒီစာရင်းရဲ့ နံပါတ် ၁ နေရာမှာတော့ ခရစ္စတီယာနို ရော်နယ်ဒို၊ နံပါတ် ၂ နေရာမှာတော့ နေမာနဲ့ မက်စီက နံပါတ် ၃ နေရာအသီးသီးမှာ ရပ်တည်နေပါတယ်။ ဒါ့အပြင် အကောင်းဆုံး နည်းပြစာရင်းမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းက ကားလိုစ်အန်ဆယ်လော့တီ၊ ဖန်တီးမှု အကောင်းဆုံး ကစားသမားစာရင်းမှာတော့ ဂျာမနီက တိုနီခရှုးစ်၊ အကောင်းဆုံး ဂိုးသမားစာရင်းမှာတော့ ဂျာမနီက မန်နျူရယ် နျူအာ၊ အကောင်းဆုံး ဒိုင်လူကြီးစာရင်းမှာတော့ အီတလီက နီကိုလာ ရစ်ဇိုလီတို့က ပထမနေရာမှာ ရပ်တည်နေပါတယ်။ ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး ဂိုးသမားစာရင်းမှာတော့ အမေရိကန်က ဟုတ်ဆိုလို၊ ဖန်တီးမှု အကောင်းဆုံး အမျိုးသမီး ကစားသမားဆုကိုတော့ ဂျာမနီက နာဒိုင်းကလက်စလာ၊ အကောင်းဆုံး အမျိုးသမီး ဒိုင်လူကြီးစာရင်းမှာတော့ ဂျာမနီက ဘီဘီးနာ စတိုင်းဟတ်တို့က ပထမနေရာမှာ  ရပ်တည်နေပါတယ်။ ၂၀၁၄ ခုနှစ် ကလပ်အသင်း ရပ်တည်မှုစာရင်းမှာတော့ ရီးရဲလ်မက်ဒရစ် ပထမ အတောင့်တင်းဆုံး ကလပ်အသင်းစာရင်းမှာတော့ စပိန်၊ အီတလီ၊ အင်္ဂလန်တို့က ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up