အေစီမီလန်အတွက် ချန်ပီယံလိဂ် ဖလားက အမှတ်တရဖြစ်ဟု အန်ဆယ်လောတီပြော

519
၂၀၁၄ ခုနှစ်က ရခဲ့တဲ့ ရီးရဲလ်ရဲ့ ၁၀ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားထက် အေစီမီလန်နဲ့အတူ ပထမဆုံးရရှိတဲ့ ချန်ပီယံလိဂ်ဖလားကသာ နည်းပြဘ၀အတွက် အမှတ်တရဖြစ်စေတယ်လို့ ရီးရဲလ်နည်းပြ ကားလို့စ် အန်ဆယ်လော့တီက ပြောကြားလိုက်ပါတယ်။
အသက် ၅၅ နှစ်အရွယ် အန်ဆယ်လော့တီဟာ နည်းပြဘ၀မှာ တတိယအကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ပြီးခဲ့သည့်ရာသီက ရီးရဲလ်နဲ့အတူ ရရှိခဲ့ပါတယ်။ ရီးရဲလ်ဟာ ၁၀ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို နှစ်ပေါင်းများစွာကြာပြီးမှ ပြန်ရရှိခဲ့တာပါ။
ဒါပေမယ့် ၂၀၀၃ ခုနှစ်က အိုးထရက်ဖို့ဒ်မှာ ပြည်တွင်းပြိုင်ဘက် ဂျူဗင်တပ်စ်အသင်းကို ပင်နယ်တီနဲ့ အနိုင်ကစားပြီး အေစီမီလန်အသင်းနဲ့အတူ ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ဖလားက နည်းပြဘ၀ကနေ အနားယူသွားတဲ့အထိ အမှတ်တရဖြစ်နေမှာလို့ ပြောဆိုခဲ့ပါတယ်။