A d v e r t i s e m e n t With Us

ကမ္ဘောဒီးယား လူ့အခွင့်အရေးချိုးဖောက်ခံရမှု အတိုက်အခံပါတီနှင့်ကုလ ဆွေးနွေး

ကမ္ဘောဒီယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်နဲ့ ကမ္ဘောဒီယား အတိုက်အခံပါတီ ခေါင်းဆောင်တို့ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၀ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။ ၁ နာရီကြာ တွေ့ဆုံဆွေးနွေးမှုမှာ ကမ္ဘောဒီးယားနိုင်ငံရေးအခြေအနေတွေ၊ ကမ္ဘောဒီယားနိုင်ငံ အတွင်း လူအခွင့်အရေးချိုးဖောက်ခံရမှုတွေကို ဆွေးနွေးခဲ့ကြပါတယ်။ အရင်က အစိုးရနဲ့ အတိုက်အခံတွေကြား ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေးမှုတွေ မရှိခဲ့လို့ နိုင်ငံရေးအကျပ်အတည်းတွေ ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂကိုယ်စားလှယ်က ဆွေးနွေးပွဲအပြီး ပြောဆိုပါတယ်။ ရွေးကောက်ပွဲ မဲရလဒ်တွေကို အတိုက်အခံ အမျိုးသားကယ်တင်ရေးပါတီက ကန့်ကွက် သပိတ်မှောက်ခဲ့ပြီး နောက်ပိုင်း ၂၀၁၃ နဲ့ ၂၀၁၄ ခုနှစ်တွေမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ် ဇူလိုင် ၂၂ ရက်နေ့က ၀န်ကြီးချုပ်ဟွန်ဆန်နဲ့ ပြိုင်ဖက်အတိုက်အခံခေါင်းဆောင် ဆန်ရိမ်ဆီး(Sam Rainsy)တို့ နိုင်ငံရေးပြေလည်မှု ရရှိခဲ့ပြီး နောက်ပိုင်း ကာလရှည်နိုင်ငံရေးအကျပ်အတည်းတွေလည်း အဆုံးသတ်သွားခဲ့ပါတယ်။ ဆန်ရိမ်ဆီး ကလည်း ကမ္ဘောဒီးယားလွှတ်တော်ထဲ ရောက်လာခဲ့ပါတယ်။ ကုလသမဂ္ဂ ကိုယ်စားလှယ် ဆူဘေးဒီ(Subedi)က အစိုးရနဲ့ အတိုက်အခံတွေအပါအ၀င် နိုင်ငံရေးပါတီအားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးတွေ အရင်က လိုအပ်ခဲ့တာပါ။ အခုတော့ အဲဒီ တွေ့ဆုံဆွေးနွေးရေးတွေ ရှိနေပြီဖြစ်ပြီး နိုင်ငံရေးပြေလည်မှုလည်း ရနေပြီ ဖြစ်တယ်။ ကမ္ဘောဒီယားနိုင်ငံ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်မှာ ပါဝင်ခွင့်ရတာအတွက်လည်း ဂုဏ်ယူ ပါတယ်လို့ သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ ဆူဘေးဒီရဲ့ ၉ ရက်ကြာ ကမ္ဘောဒီယားနိုင်ငံခရီးစဉ်ဟာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တာဝန်အတွင်း နောက်ဆုံးခရီးစဉ်လည်း ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်း ၀န်ကြီးချုပ်ဟွန်ဆန်အပါအ၀င် အစိုးရခေါင်းဆောင်တွေ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေ အားလုံးနဲ့လည်း တွေ့ဆုံသွားဖို့ ရှိပါတယ်။ [gallery ids="77899,77900,77901"]

A d v e r t i s e m e n t With Us

More News
Up