A d v e r t i s e m e n t With Us

ကွင်းလယ်ဒိုင်လူကြီး၏ မိခင်နေအိမ် ဗုံးကွဲမှုကြောင့် ဒိုင်လူကြီးများ သပိတ်မှောက်မည်

Untitled-1ဆိုက်ပရပ်စ်နိုင်ငံမှာ ကွင်းလယ်ဒိုင်လူကြီးတဦးရဲ့ မိခင်နေအိမ်ကို  ဗုံးထောင်ဖောက်ခွဲမှု ဖြစ်ခဲ့ပြီးတဲ့နောက် ဒိုင်လူကြီးတွေ အားလုံး ပြည်တွင်းပြိုင်ပွဲအားလုံးကို  တပတ်ကြာ သပိတ်မှောက်ကြမယ်လို့ ဆိုင်းပရပ် ဘောလုံးအဖွဲ့ချူပ်က ပြောပါတယ်။ ဇန်န၀ါရီ ၁၂ ရက်နေ့ပွဲမှာ ဒိုင်လူကြီး သောမတ်စ် မိုစကော့စ်ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ် သူတွေက အခုလို ဗုံးခွဲခဲ့တာလို့ ယူဆကြပါတယ်။ သူ့ရဲ့ အသက် ၆၀ အရွယ် မိခင်ကတော့ ဒဏ်ရာရတာ မရှိခဲ့ပါဘူး။ ရဲတွေကလည်း စုံစမ်းစစ်ဆေးမှု  ပြုလုပ်နေပါတယ်။ သူတာဝန်ယူခဲ့တဲ့ ဆိုက်ပရပ် ပထမတန်းပွဲဖြစ်တဲ့ အိုသယ်လော့စ် နဲ့ အပိုလွန်အသင်းတို့ ကစားတဲ့ပွဲမှာ မိုစကော့စ်က ပွဲချိန် ၁၉ မိနစ် ကျော်ကျော်မှာ အိမ်ရှင်အသင်း ရှေ့တန်းလူကို တဖက်အသင်းက ဂိုးဧရိယာထဲ ဖျက်ထုတ်ခဲ့တဲ့ ကစားသမားကို အနီကတ်ပြ ထုတ်ပယ်ခဲ့ပြီး ပင်နယ်တီပေးခဲ့ပါတယ်။ အဲ့ဒီပွဲမှာ ၂ ဂိုးစီ သရေကျသွားပါတယ်။ ဆိုက်ပရက်မှာ ဒိုင်တွေကို အခုလို ပစ်မှတ်ထားတိုက်ခိုက်နေတာ ပြီးခဲ့တဲ့ ၁၂ လအတွင်း ၄ ကြိမ်ရှိသွားပြီဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up