Home
မြန်မာသတင်း
ထိန်းသိမ်းခံ ရဲတပ်ဖွဲ့ဝင် ၃ ဦး လက်နက်မဲ့ဖြင့် ကေအိုင်အေ ပြန်လွတ်
DVB
·
January 20, 2015
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) တပ်မဟာ ၂ တပ်ရင်း ၆ မှာ ၅ ရက်တာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အစိုးရရဲတပ်ဖွဲ့ဝင် ၃ ဦးကို ဇန်န၀ါရီလ ၁၉ ရက်နေ့ ညနေ ၄ နာရီမှာ ပြန်လွတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ အခုလို ပြန်လွတ်လိုက်တဲ့အပေါ်မှာ ဘယ်လိုကတိက၀တ်တွေမှ မရှိပေမယ့် ရဲတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်တွေတော့ ကေအိုင်အေက ထိန်းသိမ်းထားဆဲဘဲလို့ သူတို့ကို သွားကြိုခဲ့တဲ့ ကချင် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလမိုင်ဂွန်ဂျာက ဒီဗွီဘီကို ပြောပါတယ်။ xKachin-Battle-150120154-622x414.jpg.pagespeed.ic.NRbKM5_jdI“သူတို့ကို ၄ နာရီ မှာ သွားကြိုခဲ့ပြီး ညနေ ၆ နာရီ နဲ့ ၁၅ မိနစ်မှာ ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေလက်ထဲ လွှဲပြောင်းပေးခဲ့တယ်ခင်ဗျ။ သူတို့ ဆီမှာပါလာတဲ့ ပိုက်ဆံတွေ၊ ဖုန်းတွေ၊ လက်ဝတ်လက်စားတွေ အားလုံးကျနော်တို့ရှေ့မှာဘဲ ပြန်ပေးတယ်။ သေနတ် ၃ လက် ကတော့ မပေးသေးဘူး။ ပဋိပက္ခငြိမ်းချမ်းရေးအဖွဲ့တွေ တွေ့ဆုံတဲ့ခါမှ ပြန်အပ်မယ်လို့ ပြောတယ်ခင်ဗျ။”လို့ သူက ပြောပါတယ်။ အဲဒီရဲတပ်ဖွဲ့ဝင် ၃ ဦးဟာ ဇန်န၀ါရီလ ၁၄ ရက်နေ့က ကချင်ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ခရီးစဉ်နဲ့ လိုက်ပါခဲ့စဉ် ဖမ်းဆီးထိန်း သိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဦးလမိုင်ဂွန်ဂျာတို့ ကချင်ငြိမ်းချမ်းရေးအဖွဲ့ဟာ ဇန်န၀ါရီလ ၂၀ ရက်နေ့ မနက်ပိုင်းမှာတော့ ဖားကန့်ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာ ရပ်မိရပ်ဖတွေ နဲ့ တွေ့ဆုံပြီး ဒေ သတွင်း ပြဿ     နာအခက်အခဲတွေ ဆွေးနွေးခဲ့ကြောင်း၊   လုံးခင်းကျေးရွာအုပ်စုထဲမှာ ရွာသားတချို့ မိုင်းထိသေဆုံးဒဏ်ရာရတဲ့အကြောင်းတွေနဲ့ ကံဆီးရွာဘက်မှာ စစ်ပြေး ဒုက္ခသည်တွေ  ပိတ်မိနေတဲ့ အကြောင်းတွေ ကြားသိခဲ့ပေမယ့် သူတို့ကို သွားရောက်ကြည့်ရှုအားပေးဖို့  အစိုးရတပ်မမှူးက လုံခြုံရေးမပေးနိုင်ဘူးလို့ ပြောတဲ့အတွက် မသွားခဲ့ရဘူးလို့ ဦးလမိုင်ဂွန်ဂျာက ဆက်ပြောပါတယ်။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တပြည်လုံးအပစ်ခတ်ရပ်ရေး လက်မှတ်ရေးထိုးဖို့ သတ္တမအကြိမ်မြောက် ဆွေးနွေးပွဲထိ လှမ်းချီနေသလို ယုံကြည်မှု တည်ဆောက်နေတဲ့ကြားက အောက်ခြေမှာ ပြဿ နာတွေ ရှိနိုင်ပေမယ့် ဆွေးနွေးညှိနှိုင်းမှုနဲ့သာ ဖြေရှင်းသင့်ကြောင်း၊ အခုလိုလက်နက်နဲ့ ဖြေရှင်းတာကတော့ ပြည်သူတွေ နစ်နာပြီး ရှေ့ဆက်ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ လမ်းစဉ်ကိုလည်း ထိခိုက်သွားစေနိုင်တယ်လို့ သူက ပြောပါတယ်။ xKachin-Battle-1501201531-622x438.jpg.pagespeed.ic.DBto3BbFiX ဖားကန့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဒါရှီလာဆိုင်းကလည်း တန်းဂေါင် အောင်ဘာလေနဲ့ ကံဆီးခေါ ရွာက ရွာသားပေါင်း ၃ ထောင်လောက်ဟာ ကံဆီးရွာ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၃ ကျောင်းမှာ စုဝေးခိုလှုံနေကြပြီး  ဖားကန့် ဘာသာရေး အသင်းအဖွဲ့နဲ့ လူမှုရေးအဖွဲ့တွေက သူတို့ကို သွားရောက်ထောက်ပံ့ဖို့ ဆန်နဲ့ ရိက္ခာတွေ  စုဆောင်းထားပေမယ့် လမ်းမှာစစ်ကြောင်းတွေ ရှိနေတာကြောင့် ခုထိ ပို့လို့မရသေးဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။ အခြား ဖားကန့်ဒေသခံတစ်ဦးကလည်း မနေ့ မွန်းလွဲ ၂ နာရီကျော်လောက်က လုံးခင်းကျေးရွာအုပ်စု မဆွတ်ယန်ရွာဘက်မှာ အစိုးရရိက္ခာယဉ်တန်းတစ်ခု ဆွဲမိုင်းနဲ့ အတိုက် ခိုက်ခံရပြီး အဲဒီအနီးနားနေ ရွာသား ၂ ဦးနဲ့ ရွာသူ တစ်ဦးတို့ကို ထိခိုက်မိကြောင်း၊  ရွာသားတစ်ဦးမှာ အဲဒီမှာတင် သေဆုံပြီး ၂ ဦးကိုတော့ ဆေးရုံတင်ထားရတယ်လို့   ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လုံးခင်းရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ မနေ့က မဆွတ်ယန်မှာ မိုင်းပေါက်ကွဲမှု ဖြစ်ပွားကြောင်း အတည်ပြုပြောဆိုခဲ့ပြီး အသေးစိပ်ကိုတော့ မသိရသေးဘူးလို့ ဖြေကြားခဲ့ပါတယ်။ ဒီကနေ့မှာတော့ သေနတ်သံတွေ မကြားရသေးပေမယ့်လည်း  ဖားကန့်က ကျောက်တူးနေတဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ ကေအိုင်အေက ပြီးခဲ့တဲ့ တရက်နှစ်ရက်က အမိန့်ပေးထားတဲ့ အတွက် တနေ့လုပ် တနေ့စားသမားတွေလည်း ၀မ်းရေးအတွက် အခက်ကြုံနေရတယ်လို့  ဒေသခံက ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024