တရုတ်သမ္မတ ရှီကျင့်ဖျင့်နဲ့ တခြား ကွန်မြူနစ် ပါတီ ပေါ်လစ်ဗျူရို အမြဲတမ်း ကော်မတီဝင် ၆ ဦးရဲ့ လစာ ၆၂ ရာခိုင်နှုန်းတိုးမြှင့်လိုက်ပါတယ်။
လက်ရှိ ရှီရဲ့လစာဟာ ယွမ် ၁၁၃၈၅ကနေ ယွမ် ၇၀၂၀ အထိတိုးမြှင့်မှာ ဖြစ်တယ်လို့ တရုတ် လူ့အရင်းအမြစ်နဲ့ လူမှု လုံခြုံရေး ၀န်ကြီးဌာနကို ကိုးကားပြီး တရုတ်သတင်းမှာ ရေးပါတယ်။

ဒါအပြင် ရာထူးနဲ့ တာဝန်အပေါ် မူတည်ပြီးတော့ အပို ထောက်ပံ့ကြေးတွေ ရရှိမှာ ဖြစ်ပါတယ်။
၂၀၀၆ ခုနှစ်နောက်ပိုင်း လစာတွေ တိုးမြှင့် ပေးလိုက်တာ ဖြစ်ပြီး အောက်ခြေ ၀န်ထမ်းတွေရဲ့ လစာကတော့ ၂ဆ အထိတိုးမြင့်လိုက်တဲ့အတွက် ယွမ် ၁၃၂၀ ရရှိမှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ အစိုးရ၀န်ထမ်းတွေဟာ ရာထူးအလိုက်အကျိုးခံစားခွင့်နဲ့ သိက္ခာရှိသလို လာဒ်ပေးလာဒ်ယူနဲ့ တခြားအကျင့်ပျက်ခြစားမှုတွေကနေ ချမ်းသာ ကြွယ်ဝနိုင်တဲ့ အခွင့်အရေးတွေလည်း ရှိနေပါတယ်။