A d v e r t i s e m e n t With Us

ချီးမြှင့်ငွေကို လွှတ်တော်ကိုယ်စားလှယ်များ ဆန္ဒအတိုင်းမလုပ်ရန် သမ္မတ ပြော

လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း (သို့မဟုတ်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်တွေရဲ့ ချီးမြှင့်ငွေနဲ့ ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ သဘောဆန္ဒတခုတည်းနဲ့ မဆောင်ရွက်ကြဖို့  ပြည်ထောင်စု လွှတ်တော်ကို သမ္မတက သ၀ဏ်လွှာပေးပို့ပါတယ်။ 455x303xParliment-start-190120151-1024x682.jpg.pagespeed.ic.qY4TOpRlzhချီးမြှင့်ငွေနဲ့ကိစ္စကိုအုပ်ချုပ်ရေး အဖွဲ့အစည်းကနေပြီး ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းစဉ်များနဲ့ ညီညွတ်စေရေးအတွက် ကြိုတင်ညှိနှိုင်းပြီး ထိုက်သင့်တဲ့ ပမာဏာကို တိုးမြှင့်သတ်မှတ်ဖို့ သမ္မတက သဘောထားမှတ်ချက်ပေးပို့ခဲ့ပါတယ်။ ဒါ့အပြင် ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီကလည်း ဒါတွေဟာ ပြီးခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်မှာ အကျေအလည် ဆွေးနွေးပြီးသား ဖြစ်တဲ့အတွက် သမ္မတ သဘောထားမှတ်ချက်ထဲက အပိုဒ် ၅ တခုကိုပဲ ပြင်ဆင်ပေးပြီးတော့ ကျန်တဲ့ အပိုဒ်တွေကို ပြည်ထောင်စုလွှတ်တော် သဘောထားအတိုင်း ပြဌာန်းသင့်တယ်လို့ မနေ့က ကျင်းပတဲ့ လွတ်တော်မှာ  သဘောထား မှတ်ချက်ပေးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up