
သတင်းထောက် ၁ ယောက် အပါအ၀င် ဂျပန်လူမျိုး ၂ ယောက်တို့ကို အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ်အဖွဲ့ က ၇၂ နာရီအတွင်း ဒေါ်လာသန်း ၂၀၀ နဲ့ မရွေးရင် သတ်မယ် ဆိုတဲ့ ဗီဒီယို ကို အင်တာနက်မှာ ဒီနေ့  ဂျပန်စံတော်ချိန် ၂ နာရီမှာ တင်လာပါတယ်။
စီးပွားရေးလုပ်ငန်းရှင် မစတာ ဟရုန ယူက၀ါ ၄၂ နှစ်ကို ပြီးခဲ့တဲ့ ၈ လပိုင်းမှာ အဖမ်းခံရတဲ့ ဂျာနယ်လစ် မစ္စတာ ခင်ဂျီ ဂိုတို ဂျိုဂျီ က ဂျပန်ကနေ ၁၀ လပိုင်းက ထွက်သွားတာ ဖြစ်ပါတယ်။ ဂျပန်အစိုးရ ရဲ့ သတင်းရှင်းလင်းပွဲမှာတော့ ကာယကံရှင်တွေ အစစ်အမှန် ဟုတ်မဟုတ် စုံစမ်းနေတုန်းလို့ ပြောပါတယ်။