ဓားစာခံ ၂ ဦးကို ၇၂ နာရီတွင်း ဒေါ်လာသန်း ၂၀၀ ဖြင့် မရွေးရင် သတ်မည်ဟု အိုင်အက်စ် ခြိမ်းခြောက်

20150120_161049-2(1)သတင်းထောက် ၁ ယောက် အပါအ၀င် ဂျပန်လူမျိုး ၂ ယောက်တို့ကို အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ်အဖွဲ့ က ၇၂ နာရီအတွင်း ဒေါ်လာသန်း ၂၀၀  နဲ့ မရွေးရင် သတ်မယ်  ဆိုတဲ့ ဗီဒီယို ကို အင်တာနက်မှာ ဒီနေ့  ဂျပန်စံတော်ချိန် ၂ နာရီမှာ တင်လာပါတယ်။ စီးပွားရေးလုပ်ငန်းရှင် မစတာ ဟရုန ယူက၀ါ  ၄၂ နှစ်ကို ပြီးခဲ့တဲ့ ၈ လပိုင်းမှာ အဖမ်းခံရတဲ့ ဂျာနယ်လစ် မစ္စတာ ခင်ဂျီ  ဂိုတို ဂျိုဂျီ က  ဂျပန်ကနေ ၁၀ လပိုင်းက ထွက်သွားတာ ဖြစ်ပါတယ်။ ဂျပန်အစိုးရ ရဲ့ သတင်းရှင်းလင်းပွဲမှာတော့ ကာယကံရှင်တွေ အစစ်အမှန် ဟုတ်မဟုတ် စုံစမ်းနေတုန်းလို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up