A d v e r t i s e m e n t With Us

ပြဿ နာကို တန်းတူရည်တူ ပြေလည်အောင်ဖြေရှင်းမယ်ဆိုတဲ့ဆန္ဒ အစိုးရဖက်မှာ အဆင်သင့် မရှိသေးဘူး – ကေအိုင်အေပြောခွင့်ရသူ ဦးလနန်း

ကေအိုင်အေ ပြောခွင့်ရသူ ဦးလနန်း
ကေအိုင်အေက ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ဘာကြောင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါလဲ။ ခုပြန်လွှတ်ပေးလိုက်ပြီလား။ [caption id="attachment_54830" align="alignright" width="400"]ကေအိုင်အေ ပြောခွင့်ရသူ ဦးလနန်း ကေအိုင်အေ ပြောခွင့်ရသူ ဦးလနန်း[/caption] “ရဲတပ်သား ၃ ဦးကို မနေ့က ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ (ပီစီဂျီ) ကနေတစ်ဆင့် ပြန်လွှဲပေးလိုက်ပါပြီ။ နဂိုကတည်းက အဲဒီရဲ ၃ ဦးကို ပြန်လွှတ်ပေးဖို့ပါ။ သူတို့က ၀တ်စုံအပြည့် လက်နက်အပြည့်နဲ့ ကျနော်တို့ တပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့တဲ့အခါမှာ ဒါက တပ်ဖွဲ့ဝင် အချင်းချင်းတွေ့ဆုံမှုမှာ ဒီအတိုင်း လွှတ်လို့တော့ မရဘူး။ ခေတ္တခဏတော့ ထိန်းသိမ်းရမှာပါ။ ကျနော်တို့ ပြန်လွှတ်ဖို့ အစီအစဉ်ရှိပြီးသားပါ။ ဒါပေမယ့် တဖက်မှာ သူတို့ စစ်အင်အားအလုံးအရင်းနဲ့ ကျနော်တို့ ကေအိုင်အေ တပ်ရင်း ၆ ဒေသကို ၀င်စီးသွားတဲ့ အခြေအနေဖြစ်ပေါ်သွားတယ်။ အဲဒါကြောင့်မို့လို့ ဒီရဲ ၃ ယောက်ကို ပြန်လွှတ်ပေးဖို့ အချိန်နှောင့်နှေးကြံ့ကြာမှု ရှိခဲ့ပါတယ်။” ကေအိုင်အေနဲ့ အစိုးရတပ်တွေအကြား ထိတွေ့တိုက်ပွဲတွေ ပြန်ဖြစ်နေတာတော့ ကြာပါပြီ ဒါပေမယ့် လတ်တလောမှာ ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနဲ့ ရဲ ၃ ယောက်ကို ဖမ်းဆီးသွားခဲ့လို့ တိုက်ပွဲပြန်ဖြစ်တယ်ဆိုတဲ့ ရေးသားပြောဆိုနေမှုအပေါ် ဘယ်လိုမြင်ပါသလဲ။ “အစိုးရတပ်တွေဘက်ကတော့ ကျနော်တို့ရဲ့ အားနည်းတဲ့တပ်စခန်းတွေကို အမြဲ လိုလိုဝင်စီးပြီးတော့ စခန်းသိမ်းတဲ့ အလုပ်မျိုးတွေ အမြဲတမ်းလုပ်နေကျပါ။ ဒီကိစ္စမှာလည်း တပ်ရင်း ၆ ကိုဝင်စီးဖို့ ဆိုပြီးတော့ နဂိုကတည်းက အစီအစဉ်က အားလုံးချမှတ်ပြီးသား တပ်အင်အားတွေ အလုံးအရင်း ပို့ပြီးသားပါ။ အဲဒါကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ခေတ္တတားဆီးခံရတယ်ဆိုတဲ့ အကြောင်းပြချက်ဟာ သူတို့အတွက် သိပ်ကိုကောင်းတဲ့ အကြောင်းပြချက် တခုဖြစ်သွားတယ်။ သူတို့လိုက်လံရှင်းလင်းတယ်ဆိုတဲ့ ကိစ္စမှာလည်း ရဲ ၃ ဦးကို ခေါ်သွားတဲ့ နေရာနဲ့ တပ်ရင်း ၆ ဆိုတာ မိုင် ၅၀လောက်အကွာအဝေးရှိတဲ့နေရာမှာပါ။ သူတို့ရဲ့ အကြောင်းပြချက်ကတော့ ဒေသခံတွေ အတွက်တော့ ရယ်စရာပါ။” ခုရက်ပိုင်း အစိုးရသတင်းစာတွေမှာ ဖော်ပြခဲ့တဲ့ ဒေသခံ ပြည်သူတွေနေထိုင်တဲ့ ရပ်ကွက်တွေ လမ်းတွေ တံတားတွေကို ကေအိုင်ကေက တိုက်ခိုက်နေတယ်ဆိုတဲ့ သတင်းတွေဟာ ဘယ်လောက်မှန်ကန်မှု ရှိပါသလဲ။ “တဖက်မှာတိုက်ပွဲဖြစ်လာတဲ့အခါမှာ အရပ်သားတွေသွားလာနေတဲ့ နေရာမှာ ပေါက်ကွဲမှု ဖျက်ဆီးမှု အားလုံးဟာ ကေအိုင်အိုကနေပြီး တရားခံအဖြစ် စွပ်စွဲခံရတယ်ဆိုတဲ့ ကိစ္စက အမြဲတမ်း ဖြစ်ရိုးဖြစ်စဉ် တခုအနေနဲ့ သတ်မှတ်လို့ရမယ်။ အမှန်တကယ်တော့ အခု ဖားကန့်ဒေသမှာ ကုမ္ပဏီတွေ အင်နဲ့အားနဲ့ စက်ယန္တရားအဆမတန်နဲ့ လုပ်ငန်းခွင်လုပ်နေတဲ့အပေါ်မှာ ဒေသခံတွေရော တပိုင်တနိုင် လုပ်ကိုင်စားသောက်နေတဲ့ လုပ်သားတွေအားလုံးက ဆန့်ကျင်နေတာပါ။ အားလုံးက မလိုလားကြပါဘူး။ အဲလိုအခြေအနေမှာ တစ်ဖက်မှာ တိုက်ပွဲဖြစ်တွေဖြစ်တဲ့အချိန် တဖက်မှာ ဗုံးကွဲတာတွေ တံတားမီးရှို့တာတွေ ဖြစ်လာတွေအားလုံးက ကေအိုင်အေလုပ်ပါတယ်ဆိုပြီးတော့မှ တသမတ်ထဲစွပ်စွဲရင်တော့ မှားပါလိမ့်မယ်။ ကေအိုင်အေတပ်ရင်း ၆ က အေးအေးဆေးဆေးနေနေတဲ့ အချိန်မှာ စခန်းဝင်သိမ်းတာမျိုးလုပ်လာတဲ့ အခါမှာ အဲဒီမှာ ရှိတဲ့တပ်ဖွဲ့တွေဟာ နေရာတကာ ပြန့်ပြီးတော့ တိုက်ပွဲတွေ ဆင်လာတာ မျိုးရှိလာပါလိမ့်မယ်။” ခုလဆန်းပိုင်းက ကချင်ပြည်နယ် ၀ိုင်းမော်ဒေသ ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံသား တွေအပါအ၀င် တရားမ၀င်သစ်ခုတ်မှုနဲ့ ရာနဲ့ချီတဲ့ လူတွေ၊ သစ်တွေနဲ့ယန္တရားတွေဖမ်းဆီးခံရမှုမှာ ကေအိုင်အေရဲ့ ပါဝင်ပတ်သက်မှု ဘယ်လောက်ရှိပါသလဲ။ “အဖမ်းအဆီးလုပ်တဲ့ ဒေသတွေဟာ ပန်ဝါဒေသ ကန်ပိုက်တီးဒေသ လမ်းကြောင်းတွေကနေ ၀င်လာတဲ့ ကားတွေ မော်တော်ယာဉ်တွေ အလုပ်သမားတွေကို ဖမ်းတာပါ။ အဲဒီဖမ်းတဲ့ ဒေသကလည်း ကျနော်တို့ ကေအိုင်အိုနဲ့ သက်ဆိုင်တဲ့ဒေသမဟုတ်ဘူး။ ဖမ်းတဲ့ဒေသကလည်း ကျနော်တို့ ကေအိုင်အိုနဲ့ သက်ဆိုင်တဲ့ဒေသမဟုတ်ဘူး။ ကန်ပိုက်တီး နယ်ခြားစောင့်တပ်ရှိတဲ့ ဘက်ကနေ၀င်လာတဲ့ လမ်းကြောင်းပါ။ ကျနော်တို့ ကေအိုင်အိုနဲ့ ဘာမှ ပတ်သက်မှုမရှိဘူး။ ကားတွေ အစီးရာနဲ့ ချီပြီး လူတွေ ထောင်နဲ့ချီပြီးဝင်လာတဲ့ ကိစ္စတခုဟာ နယ်ခြားစောင့်တပ်ဖွဲ့ တခုရဲ့ ဂိတ်မှူးတွရဲ့ ခွင့်ပြုချက်နဲ့ ၀င်လာတာမဖြစ်နိုင်ဘူး ရှေ့တန်းမှာ နေရာယူထားတဲ့ တပ်ရင်းတပ်ဖွဲ့ ဗျူဟာအဆင့် တိုင်းအဆင့် ခွင့်ပြုချက်နဲ့ ၀င်လာတာလည်း မဟုတ်နိုင်ဘူး။ ဒီကိစ္စတွေဟာ နေပြည်တော်မှာ ရှိတဲ့သက်ဆိုင်ရာ အရာရှိကြီးတွေ ဗိုလ်ချုပ်ကြီးတွေရဲ့ ခွင့်ပြုချက်နဲ့ နားလည်မှုယူပြီး တဖက်နိုင်ငံက နိုင်ငံသားတွေဝင်လာတဲ့ ဖြစ်စဉ်တခုပါ။ ၀ိုင်းမော်အထက် ၀ါးရှောင်ဒေသဆိုတာ မြန်မာအစိုးရတပ်စခန်း ၁၀ဂဏန်းနဲ့ချီပြီး ဖြတ်သန်းမှ ရောက်တဲ့ဒေသပါ။ ထိန်းသိမ်းခံရတဲ့ အထဲမှာလည်း ကျနော်တို့ ကေအိုင်အိုတပ်ဖွဲ့တွေမပါဘူး။ အဲဒီမှာ ကေအိုင်အိုရဲ့ စီးပွားရေးဌာနတာဝန်ခံလက်မှတ်ထိုးထားတဲ့ စာရွက်သိမ်းဆည်းရမိတယ်ဆိုတဲ့ အချက် ၁ ချက် တွေ့ရတယ်။ တကယ်တော့ အဲဒီလက်မှတ်ရဲ့ လုပ်ငန်းခွင်ဟာ ကချင်ပြည်နယ်မြောက်ဖျားပိုင်းမှာ အကန့်အသတ်နဲ့ ပေးထားတဲ့ လုပ်ငန်းခွင်တခုပါ။ အဲဒီလက်မှတ်နဲ့ ဒီဖမ်ဆီးခံရတဲ့ ကိစ္စနဲ့ ဘယ်လိုမှ ပတ်သက်မှုမရှိဘူး။” စစ်ပွဲတွေအကြားမှာ တရုတ်နိုင်ငံသားတွေ ရာနဲ့ချီ ပိတ်မိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးရော ကေအိုင်အိုက အတည်ပြုနိုင်ပါသလား။ “အဲလိုတော့မရှိပါဘူး။ ဒါပေမယ့် ဖားကန့်ဒေသ ကျောက်တူးဖော်ရေးလုပ်ငန်းတွေမှာ တရုတ်နိုင်ငံသားတွေ ပါကောင်းပါနိုင်ပါတယ်။ ခုဖားကန့်နဲ့ မိုးကောင်း ကားလမ်းဟာ သွားလာရေး ခက်ခဲတယ်ဆိုတဲ့ သတင်းတွေကြားရတော့ အဲဒီသတင်းအပေါ်မှာ အခြေခံပြီးမှ ဖားကန့်မြို့ထဲမှာ ပိတ်မိတယ်ဆိုတဲ့ စိုးရိမ်ချက် အရပြောဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။” ဒီတစ်ရက်နှစ်ရက်အတွင်း နှစ်ဖက် ထိတွေ့တိုက်ပွဲတွေ ထပ်ဖြစ်နေသေးလား။ လက်ရှိပြန်ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး နှစ်ဖက် ဆွေးနွေးညှိနှိုင်းနေမှုတွေ ရှိပါသလား။ “ဒီနေ့တော့ တိုက်ပွဲဖြစ်တဲ့ သတင်းမရသေးဘူး။ ဖားကန့်မှာဖြစ်သွားတဲ့ တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ အစိုးရကနေပြီးတော့ အစိုးရဆိုတဲ့နေရာမှာ ပြည်နယ် ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ ကနေပြီးတော့ ဘာမှာအကြောင်းကြားတာ မရှိပါဘူး။ ဒါပေမယ့် သူတို့ရဲ့ ကန့်ကွက်ချက်က ဘာလဲဆိုတော့ ဖားကန့်မြို့ပေါ်မှာ ဗုံးတွေကွဲပါတယ်၊ တံတားတွေမီးရှို့ဖျက်ဆီးပါတယ်ဆိုတဲ့ ကေအိုင်အိုကို တဖတ်သက် စွပ်စွဲချက်တွေတော့ ထွက်လာတယ်။ ကန်စီးဒေသတို့ အောင်ဘာလေမှာ သူတို့ဝင်သိမ်းတဲ့ဖြစ်စဉ်တွေကိုတော့ ၀န်ခံ ပြောဆိုတာတွေတော့ မရှိပါဘူး။” ခုလိုတိုက်ပွဲတွေဖြစ်နေတာဟာ အစိုးရနဲ့ ကေအိုင်အိုအကြား ငြိမ်းချမ်းရေးရဖို့ နောက် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တပြည်လုံးအပစ်အခတ်ရပ်စဲရေး ဖြစ်စဉ်တွေအပေါ် ဘယ်အခြေအနေအထိ ရောက်သွားစေပြီလဲ။ "ကေအိုင်အိုနဲ့အစိုးရ အပစ်အခတ်ရပ်စဲရေးဆိုတဲ့ကိစ္စမှာ ကျနော်တို့ ကေအိုင်အို အဖွဲ့အစည်းဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုဆိုတာ မရှိပါဘူး။ အန်စီစီတီ တိုင်းရင်းသားအဖွဲ့တွေ သွားနေတဲ့ လမ်းကြောင်း အပေါ်ကနေပဲ လိုက်သွားမှာပါ။ အန်စီစီတီ အဖွဲ့တွေရဲ့ ညှိနှိုင်းမှုအပေါ်မှာ ကျနော်တို့ ကေအိုင်အေက သဘောထားတခုထဲ ရှိတာပါ။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးကိုသွားမယ် အဲဒီကနေ နိုင်ငံရေး တန်းတူရည်တူ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ တစ်ခုဖြစ်အောင် ဆက်ပြီးတော့ တွန်းသွားဖို့ဆိုတာ ကျနော်တို့ ကေအိုင်အိုရဲ့ သဘောထားပါ။" "ခုထက်အထိ အစိုးရဟာ ပြဿ နာတွေကို ညှိနှိုင်းပြီး ဖြေရှင်းမယ်ဆိုတဲ့ လမ်းကြောင်းကို မသွားသေးဘူး။ ဖြစ်စဉ်တိုင်း ဖြစ်စဉ်တိုင်း ပြသနာတိုင်းမှာ ထိပ်တိုက်ရင်ဆိုင်ရေးကို ဦးတည်သွားတယ်။ ရဲ၃ယောက်ဖမ်းတဲ့ဖြစ်စဉ်မှာလည်း ဖြေရှင်းညှိနှိုင်းလို့ ရတဲ့ ကိစ္စအပေါ်မှာ စစ်တပ်အင်အား အလုံးအရင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး ပြသနာကို ဖြေရှင်း အပေါ်စီးယူတဲ့ သဘောရှိတယ်။ ဒီလိုမျိုး အသေးအဖွဲ့ကိစ္စအပေါ်မှာပဲ အခြေခံကြည့်မယ်ဆိုရင် တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ နိုင်ငံရေး ပြသနာကို တန်းတူရည်တူ ပြေလည်အောင်ယူဖြေရှင်းမယ်ဆိုတဲ့ ဆန္ဒတော့ အခုထက်ထိ အစိုးရဖက်မှာ အဆင်သင့် မရှိသေးဘူးလို့ ပဲပြောရမှာပါ။ ကျနော်တို့ တိုင်းရင်းသားအဖွဲ့အစည်းတွေ တောင်းဆိုနေတဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုတဲ့ အဆင့်ကို ရောက်ရှိဖို့ ဆိုရင်တော့ ခရီးက တော်တော်လေး လှမ်းရပါလိမ့်မယ်။" နောက်ဆုံးမေးချင်တာက ကေအိုင်အေဟာ ငြိမ်းချမ်းရေးလုပ်ဖို့ ဆန္ဒမရှိဘူးဆိုတဲ့ ပြောဆို ဝေဖန်ချက်တွေအပေါ် ဘယ်လို သဘောထားပါသလဲ။ "အစိုးရဘက်ကတော့ အမြဲတမ်း အဲလိုပြောနေတာပါ။ ကေအိုင်အိုဟာ ငြိမ်းချမ်းရေးကို မလိုလားဘူး။ ငြိမ်းချမ်းရေးကို အဟန့်အတားလုပ်နေပါတယ်ဆိုပြီး။ အမြဲတမ်းပြောနေကျ ပြောရိုးပြောစဉ်စကားပါ။"

A d v e r t i s e m e n t With Us

More News
Up