A d v e r t i s e m e n t With Us

ဆီးရီးယားစစ်တပ်သုံး ကုန်တင်လေယာဉ် ပျက်ကျ၊ ၃၅ ဦး သေဆုံး

အယ်ကေဒါအကြမ်းဖက်အဖွဲ့ရဲ့ ဆီးရီးယား တပ်ဆွယ်ဖြစ်တဲ့ နတ်စ်ရာတပ်ဦးက လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေ သယ်လာတဲ့ ဆီးရီးယားစစ်တပ်သုံး ကုန်တင်လေယာဉ်ကို အိဒလစ်ဘ်မြို့ပေါ်မှာ သူတို့ပစ်ချခဲ့လို့ ပျက်စီးနေတာလို့ ပြထားတဲ့ ရုပ်သံကို ဇန်န၀ါရီလ ၁၉ ရက်နေ့က တွစ်တာလူမှုကွန်ရက် မီဒီယာကနေ ထုတ်လွှင့်ပါတယ်။ ဆီးရီးယားအစိုးရရုပ်သံကတော့ နိုင်ငံအနောက်မြောက်ပိုင်း အိဒ်လစ်ဘ်ခရိုင်က အဘူအယ်လ် ဒူဟာစစ်တပ်လေဆိပ်ကို ဆင်းသက်မယ့် လေယာဉ်နဲ့ အမှုထမ်းတွေ ဆုံးရုံးရတာ ရာသီဥတု ဆိုးရွားမှုနဲ့ မြူထူတွေကြောင့်လို့ ကြေညာပါတယ်။ ဆီးရီးယားနိုင်ငံတွင်းက သတင်းယူမှု ကန့်သတ်ချက်နဲ့ လုံခြုံရေးအခြေအနေကြောင့် ကြေညာချက် ၂ ခုလုံးကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေး အတည်ပြုနိုင်မှု မရှိသေးပါဘူး။ ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကတော့ လေယာဉ်က လျှပ်စစ်တာဝါတိုင်နဲ့ တိုက်မိအပြီး လေယာဉ်ပေါ်ပါသူ ၃၅ယောက်လုံး သေဆုံးတယ်လို့ ပြောပါတယ်။ ဆီးရီးယားပြည်တွင်းစစ်အတွင်း လေတပ်ဂျက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေ အတော်များများ ပစ်ချ ခံခဲ့ရပြီးပါပြီ။ အရင်လက အမေရိကန် ဦးဆောင်တပ်ထဲက ဂျော်ဒန်လေတပ် လေယာဉ်မှူးတယောက်ဟာ သူလေယာဉ်ကို ဆီးရီးယားအရှေ့မြောက်ပိုင်း ရက်ကာမြို့နားမှာ ပစ်ချခံရအပြီး အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့(အိုင်အက်စ်)စစ်သွေးကြွတွေ ဖမ်းဆီးတာ ခံခဲ့ရပါတယ်။ [gallery ids="77794,77795,77796"]

A d v e r t i s e m e n t With Us

More News
Up