A d v e r t i s e m e n t With Us

ဗီယက်နမ်ထဲ တရားမ၀င် ၀င်ရောက်ရန် ကြိုးစားသူများကို တရုတ်ရဲ ပစ်သတ်

ဇန်န၀ါရီ ၁၈ ရက်ညက ဗီယက်နမ်နိုင်ငံထဲ တရားမ၀င် ၀င်ရောက်ဖို့ကြိုးစားသူ တရုတ်နိုင်ငံ ရှင်းကျန်းပြည်နယ်သား ၂ ဦးကို တရုတ်ရဲတွေက အသေပစ်သတ်လိုက်ကြပါတယ်။ ဗီယက်နမ်နဲ့ နယ်စပ် ကွမ်းရှီး(Guanxi)ပြည်နယ်မှာ အခုလိုဖြစ်ပွားခဲ့တာဖြစ်ပြီး ထွက်ပြေးလွတ်မြောက်နေသူတဦးကိုလည်း ရဲတွေက လိုက်ရှာနေကြပါတယ်။ အဝေးပြေးလမ်း၊ အခွန်ကောက်ခံရေးစခန်းတခုမှာ အရေအတွက် အတိအကျမသိရတဲ့ ရှင်းကျန်းဒေသခံတွေက ရဲရဲ့ အစစ်ဆေးကို မခံပဲ တုံ့ပြန်ပစ်ခတ်လို့ အခုလို ရဲတွေက အသေပစ်သတ်လိုက်တာလို့ နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ [gallery ids="77784,77785,77786"]

A d v e r t i s e m e n t With Us

More News
Up