A d v e r t i s e m e n t With Us

ပါရီတိုက်ခိုက်မှုကို ထောက်ခံသည့် စီတန်းလှည့်လည်ပွဲ ဂါဇာကမ်းမြောင်တွင် ပြုလုပ်

ဂါဇာကမ်းမြောင်ဒေသက ဟားမတ်စ် လုံခြုံရေးတပ်ဟာ ပြိုင်ဘက် ဘာသာရေးစစ်ဝါဒီ ဆာလာဖီ တက်ကြွလှုပ်ရှားသူတွေက အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့(အိုင်အက်စ်) စစ်သွေးကြွတွေနဲ့ လွန်ခဲ့တဲ့ ၂ ပတ်က ပြင်သစ်မှာ အစ္စလာမ္မစ်သေနတ်သမား ၃ ယောက်ရဲ့ လူသတ်တိုက်ခိုက်မှုတွေကို ထောက်ခံတဲ့ စီတန်းလှည့်လည်မှုကို ဇန်န၀ါရီ ၁၉ ရက်နေ့က ခွင့်ပြုခဲ့ပါတယ်။ ဆန္ဒပြသူတွေက ပြင်သစ်အလံကို မီးရှို့ခဲ့ပြီး အိုင်အက်စ်အလံနက်ကိုတော့ ဝှေ့ယမ်းခဲ့ကြတာပါ။ ဒါအပြင် ရှာလီယေဘဒို မီဒီယာဌာနကို တိုက်ခိုက်သူ ၂ ယောက်နဲ့ ပါရီက ကုန်တိုက်တခုကို တိုက်ခိုက်ခဲ့တဲ့ စစ်သွေးကြွတွေရဲ့ ပုံတွေပါတဲ့ ပိုစတာတွေကိုလည်း ကိုင်စွဲခဲ့ကြပါတယ်။ တိုက်ခိုက်သူ ၃ ယောက်လုံးကတော့ ဇန်နဝါရီ ၉ ရက်နေ့က ရဲတွေ ပစ်သတ်လို့ သေဆုံးခဲ့ပါပြီ၊ ဆန္ဒပြသူတွေက ဂါဇာမှာရှိတဲ့ ပြင်သစ်ယဉ်ကျေးမှုဌာနကို ချီတက်ခဲ့ကြပေမယ့် ဌာနအပြင်မှာ တာဝန်ကျတဲ့ ဒါဇင်နဲ့ချီတဲ့ ဟားမတ်စ်ရဲတွေက တားဆီးခဲ့ကြပါတယ်။ စီတန်းလှည့်လည်မှု ပြီးခါနီးမှာ ဆန္ဒပြသူတွေနဲ့ ရဲတွေကြား တွန်းထိုးတိုက်ခိုက်မှုတွေ ဖြစ်ခဲ့လို့  သေနတ်ကို လေထဲ ပစ်ခတ် လူစုခွဲခဲ့တယ်လို့ အစီရင်ခံထားပါတယ်။ ဆန္ဒပြသူအများအပြားက အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေနဲ့ ဆင်တူဝတ်စုံကို ဝတ်ခဲ့ကြတာပါ။ ဆာလာဖီဆိုတာ တမန်တော်မိုဟာမက်သခင်ကနေ ဆင်းသက်ပေါက်ဖွားလာသူ မျိုးဆက်လို့ ဆိုပါတယ်။ ဂါဇာက ဆာလာဖီတွေက အိုင်အက်စ်သွေးကြွတွေနဲ့ အယ်လ်ကေဒါတွေရဲ့ ကမ္ဘာ့လုံးဆိုင်ရာ မြင့်မြတ်တဲ့စစ်ပွဲကို ထောက်ခံအားပေးသူတွေလို့လဲ မီဒီယာတွေက ဖော်ပြပါတယ်။ ပြင်သစ်အပတ်စဉ်ထုတ် သရော်စာသတင်းစာ ရှာလီယေဘဒိုက သူရုံးခန်းကို သေနတ်သမားတွေ ဝင်စီးလို့ လူ ၁၂ ယောက် သေဆုံးအပြီး တမန်တော် မိုဟာမက်ပုံ ကာတွန်းကို ထပ်ပြီး ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။ ဒါကြောင့် မွတ်စလင်နိုင်ငံတချို့မှာ အကြမ်းဖက် အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပါတယ်။ အစ္စရေးပျက်သုဉ်းရေး ဆော်သြခဲ့တဲ့ ဟားမတ်စ်တွေကတော့ ဂါဇာက ဆာလာဖီလှုပ်ရှားမှုကို သည်းခံမှု နည်းနည်း ပြခဲ့ပြီး အဖွဲ့ဝင်တွေနဲ့ မကြာခဏ ပစ်ခတ် တိုက်ပွဲ ဆင်နွှဲလေ့ ရှိပါတယ်။ [gallery ids="77779,77780"]

A d v e r t i s e m e n t With Us

More News
Up