A d v e r t i s e m e n t With Us

ကစားကွင်းအတွက် ကင်ညာ မူလတန်းကျောင်းသားများ ဆန္ဒပြ

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့က ကျောင်းတကျောင်းမှာ ကစားကွင်း ဆုံးရှုံးမယ့် အရေး ဆန့်ကျင်ဆန္ဒပြတဲ့ ကလေးတွေကို ဇန်န၀ါရီ ၁၉ ရက်က အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့တွေကို သုံးပြီး ကျောင်းသားတွေကို လူစုခွဲခဲ့ပါတယ်။ ကလေးကစားကွင်းပတ်လည်မှာ ကျောင်းနဲ့ ပိုင်းခြား စိုက်ထူထားတဲ့ နံရံတခုကို ဆရာတွေ မိဘတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ဖြိုချဖို့ ကြိုးစားခဲ့လို့ လန်ငါတာမူလတန်းကျောင်းမှာ တွန်းထိုး တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာပါ။ မြေယာဖွံ့ဖြိုးရေး ဆောက်လုပ်သူတွေက ဒီမြေကို သုံးပြီး အဆောက်အဦ ဆောက်ချင်နေတယ်လို့ သူတို့က ပြောပါတယ်။ တက်ကြွလှုပ်ရှားသူ တယောက်ကတော့ ဒါဟာ ကလေးတွေရဲ့ လှုပ်ရှားမှုဖြစ်သလို ကလေးတွေက သူတို့ ကစားကွင်းကို ပြန်ရချင်တယ်လို့ ပြောပါတယ်။ ကလေးကစားကွင်းကို ဒီဇင်ဘာကျောင်းအားလပ်ရက်အတွင်း ခြံစည်းရိုး ခတ်ခဲ့တာပါ။ ထင်ရှားသြဇာရှိတဲ့ မြေယာဖွံ့ဖြိုးရေး လုပ်ငန်းရှင်တယောက်က မြေပြိုင်ဆိုင်မှုကို အခိုင်အမာ ကြေညာခဲ့ပါတယ်။ ဒီမြေဟာ လေဆိပ်ရှုခင်း အိမ်ယာ လိမီတက်ကုမ္ပဏီရဲ့ နာမည်ပေါက် မြေဖြစ်ပြီး မြေလွတ်မှာ ဟိုတယ်တလုံးအတွက် ယာဉ်ရပ်နားစခန်းဆောက်ဖို့ စီမံထားတယ်လို့ ဒေသခံမီဒီယာတွေက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up