အစ္စရေးပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများတွင် ဗိုလ်ချုပ်တဦးပါဝင်ဟု အီရန် အတည်ပြု

223
ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၈ ရက်နေ့က ဟစ်ဘိုလာတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့တဲ့ အစ္စရေးပစ်ခတ်မှုမှာ အီရန်ဗိုလ်ချုပ်တဦး ပါဝင်တယ်လို့ အီရန်နိုင်ငံက အတည်ပြုပါတယ်။
ဇန်န၀ါရီလ ၁၂ ရက်နေ့က အီရန်စစ်တပ် အင်တာနက်စာမျက်နှာမှာ အစ္စရေးရဟတ်ယာဉ်က ပစ်ခတ်လို့ ဗိုလ်ချုပ် အလီ အလာဒါဒီနဲ့အတူ အီရန်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ၊ ဟစ်ဘိုလာ တပ်ဖွဲ့ဝင်တွေ ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဗိုလ်ချုပ်ဟာ ဆွန်နီအစွန်းရောက်အကြမ်းဖက်တွေကို တိုက်ခိုက်နေတဲ့ ဆီးရီးယားအစိုးရ အကြံပေးတာဝန်လည်း ယူထားသူ ဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။
ဒေသတွင်း ရှီယားမွတ်စလင်ဦးဆောင်နိုင်ငံဖြစ်တဲ့ အီရန်နိုင်ငံဟာ ဆီးရီးယားသမ္မတ အာဆက်ရဲ့ ဒေသတွင်းမဟာမိတ်တွေလည်းဖြစ်ပါတယ်။
ဆီးရီးယားထိန်းချုပ်တဲ့ ဂိုလန်ကုန်းမြင့်မှာ အစ္စရေးရဟတ်ယာဉ်က ပစ်ခတ်ခဲ့တာဖြစ်ပြီး ဟစ်ဘိုလာထောက်ခံသူတွေ အမျက်ထွက်ခဲ့ကြပါတယ်။
ဒါပေမယ့် အစ္စရေးနဲ့ ထိပ်တိုက်တွေ့ဖို့ ဟစ်ဘိုလာက ရှောင်လိမ့်မယ်လို့ ဒေသတွင်း ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
အခြေအနေက တည်တည်ငြိမ်ငြိမ်တော့ရှိပေမယ့် အစ္စရေးပေါ် မကျေနပ်မှုတွေက ရှိနေတယ်လို့ သတင်းတွေက ဆိုပါတယ်။
အစ္စရေးကို ဘယ်လိုတုံ့ပြန်မယ်ဆိုတာ မသိရပေမယ့် ဟစ်ဘိုလာခေါင်းဆောင်တဦးကတော့ စောင့်ကြည့်ဖို့ပဲ ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့ အရင် ဟစ်ဘိုလာခေါင်းဆောင်ရဲ့ သားဖြစ်သူ ဂျီဟတ် မူဟာနီရာ ဇန်န၀ါရီ ၁၂ ရက်နေ့က သဂြုင်္ိုဟ်ပြီး ဟစ်ဘိုလာထောက်ခံသူ ထောင်ချီ တက်ရောက်ခဲ့ကြပါတယ်။
အစ္စရေးလုံခြုံရေးသတင်းရင်းမြစ်ကလည်း ဇန်န၀ါရီ ၁၈ ရက်နေ့က အကြမ်းဖက်တွေကို လေကြောင်းက တိုက်ခိုက်ခဲ့တယ်လို့ အတည်ပြုထားပါတယ်။