A d v e r t i s e m e n t With Us

လက်ဝှေ့ထိုးသတ်မည့်ရက် မေ၀ယ်သာ အတည်ပြုရန် ပတ်ကွီရို ဆန္ဒရှိ

မေလမှာ ထိုးသတ်ရန် ရည်ရွည်ထားတဲ့ သတ်မှတ်ရက်ကို ဒီလအကုန်မှာ အမေရိကန် လက်ဝှေ့သမား ဖလော့ဒ်မေ၀ယ်သာက အတည်ပြုပေးဖို့ ဖိလစ်ပိုင် လက်ဝှေ့ချန်ပီယံ မန်နီ ပတ်ကွီရိုက ဆန္ဒရှိနေပါတယ်။ ရှုံးပွဲမရှိသေးတဲံ မေ၀ယ်သာနဲ့ ပတ်ကွီရိုတို့ဟာ တကြိမ်မှ ထိုးသတ်ခဲ့ခြင်း မရှိသေးသလို သူတို့ ၂ဦး ထိုးသတ်သည့် ပွဲကို ကြည့်ရှုရန် ပရိတ်သတ်အများစုက ဆန္ဒရှိနေပါတယ်။ BOX-MAC-PHI-USA-PACQUIAO-ALGIERI"ကျနော်တို့ အမြန်သိချင်နေပါတယ်၊ သူတို့ မထိုးဘူးဆိုရင် တခြား ပြိုင်ဘက်တယောက်ကို ရွေးချယ် ထိုးသတ်ရမှာပါ”လို့ ပတ်ကွီရိုက ပြောပါတယ်။ မေ ၂ ရက် အမေရိကန် လာပ်ဗီးဂတ်စ်မှာ ထိုးသတ်ရန် အစီအစဉ်ကို မေ၀ယ်သာက လတ်မှတ်ထိုးမထိုး မသိရသေးတဲ့ အကြောင်းလည်း သူက ပြောပါတယ်။ ဒီထိုးသတ်မှာ ရရှိတဲ့ ထိုးကြေးရဲ့ ၆၀ ရာခိုင်နှုန်းကို မေ၀ယ်သာကို ပေးဖို့ မူးယစ်ဆေးဝါး စစ်ဆေးမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ပတ်ကွီရိုက သဘောတူညီထားပါတယ်။ မေ၀ယ်သာကတော့ ၄၇ ပွဲထိုးပြီး တပွဲမှ မရှုံးသေးသလို ကမ္ဘာ့အဆင့် ၈ ခုမှာ ချန်ပီယံဖြစ်ဖူးတဲ့ ပတ်ကွီရိုတို့ ပထမဆုံးအကြိမ် ထိုးသတ်ဖို့ စီစဉ်တာ နှစ်ကာလရှည်ကြာခဲ့ပေမယ့် အထမြောက်ခြင်း မရှိပါဘူး။

A d v e r t i s e m e n t With Us

More News
Up