သပိတ်မှောက်ကျောင်းသားများ စစ်ကြောင်း၂ ခုဖြင့် ခရီးရှည်ချီတက်ပွဲ စတင်

5.4K
အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက်ထားတဲ့ ကျောင်းသားတွေဟာ အစိုးရနဲ့ တွေ့ဆုံညှိနှိုင်းအဖြေရှာရေးအတွက် အချိန်ပေးခဲ့တဲ့ ရာဇသံ ရက် ၆၀ အလွန် လှုပ်ရှားမှုအနေနဲ့ ဒီမိုကရေစီ ပညာရေး သပိတ်မှောက် စစ်ကြောင်း ၂ ခုကို ဒီနေ့ ဇန်န၀ါရီ ၂၀ရက်နေ့ မနက်က စတင်လိုက်ပါတယ်။
မန္တလေးမြို့မှာ အိမ်တော်ရာဘုရားဝင်းထဲ စုဝေးနေကြပြီး ထားဝယ်ခရိုင် စစ်ကြောင်းကတော့ လောကမာရဇိန် ဘုရားကြီးဝင်းကနေ ဒီမနက် (၇)နာရီ ထွက်ခွာပါတယ်။
ကျောင်းသားသပိတ်စစ်ကြောင်းတွေဟာ ရန်ကုန်မြို့ကို ချီတက်လာကြမှာဖြစ်ပြီး ၂ပတ်အတွင်း ရန်ကုန်မြို့မှာ သပိတ်စခန်း ဖွင့်လှစ်သွားမှာဖြစ်ကြောင်း ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောကြားခဲ့ပါတယ်။