ယူကရိန်းစစ်တပ် လေဆိပ်နှင့် ပတ်ဝန်းကျင်ဒေသများကို ပြန်လည်သိမ်းပိုက်

1.5K
ယူကရိန်း တပ်ဖွဲ့တွေဟာ ထိုးစစ်ကြီးတွေဆင်နွှဲပြီး ယူကရိန်းအရှေ့ပိုင်းက ဒန်းညက်စ် လေဆိပ်နဲ့ ပတ်ဝန်းကျင်ဒေသ အားလုံးနီးပါးကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ် မနေ့က ထုတ်ပြန်ပါတယ်။
သူပုန်တွေက လေဆိပ်ကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပြီး လူနေအိမ်တွေကနေ ဒုံး ကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်ပြောခွင့်ရက ပြောဆိုပါတယ်။ ဒါကြောင့် မနှစ်က ဘယ်လာရုဒ်နိုင်ငံမှာ ချုပ်ဆိုခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ချိုးဖောက်မှုမရှိခဲ့ပဲ နယ်မြေပိုင်ဆိုင်မှု နဂိုအနေအထားကို ပြန်လည်ရရှိခဲ့တာလို့လည်း ပြောဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း ယူကရိန်းစစ်သား ၄ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း ယူကရိန်းစစ်တပ်ပြောခွင့်ရက ပြောဆိုခဲ့ပါတယ်။
[gallery ids="77704,77705,77706,77707,77708,77709"]