A d v e r t i s e m e n t With Us

ကနေဒါနိုင်ငံခြားရေးဝန်ကြီးကို ပါလက်စတိုင်းများ ဆန္ဒပြ

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၈ ရက်နေ့က အစ္စရေးနိုင်ငံက သိမ်းပိုက်ထားတဲ့ အနောက်ဖက်ကမ်းကို လာရောက်တဲ့ ကနေဒါနိုင်ငံခြားရေးဝန်ကြီးကို ပါလက်စတိုင်းဆန္ဒပြသူတွေက ကြက်ဥတွေနဲ့ ပစ်ပေါက်ဆန္ဒပြကြပါတယ်။ နိုင်ငံခြားရေးဝန်ကြီးကို မထိခဲ့ပေမယ့် သူစီးတဲ့ကားခေါင်မိုးပေါ်တော့ ကျခဲ့ပါတယ်။ ရာမာလာ မြို့မှာရှိတဲ့ ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို လာရောက်ရင်း အခုလို ပစ်ပေါက်ခံရတာ လည်း ဖြစ်ပါတယ်။ ဆန္ဒပြသူတဦးက အနောက်ဖက်ကမ်းကို မလာနဲ့ဆိုပြီးတော့လည်း အော်ဟစ်ခဲ့ပါတယ်။ ကနေဒါနိုင်ငံဟာ အစ္စရေးနိုင်ငံကို အားပေးထောက်ခံတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပြီး ပါလက်စတိုင်း နိုင်ငံ ထူထောင်ရေးကို ၂၀၁၂ ခုနှစ်က ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။ ပါလက်စတိုင်းနိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာတရားရုံးအဖွဲ့ဝင်ဖြစ်ရေး ကြိုးစားမှုဟာ စိုးရိမ်စရာ ကောင်းပြီး အန္တရာယ်ရှိတဲ့ခြေလှမ်း ဖြစ်တယ်ဆိုပြီး ဒီလထဲမှာပဲ ပြောဆိုခဲ့ပါတယ်။ အနောက်ဖက်ကမ်းနဲ့ အရှေ့ဂျေရုဆလင်မှာ ဂျူးအိမ်ရာသစ်တွေ တည်ဆောက်မှုကို နိုင်ငံအများ စု က တရားမ၀င်ဘူးလို့ သတ်မှတ်ကြတာပါ။ ၂၀၀၅ ခှုနှစ်က ဂါဇာမှာ တပ်စွဲခဲ့တဲ့ အစ္စရေးတပ်တွေနဲ့ ဂျူးအခြေချမှုတွေကို ပြန်ရုပ်သိမ်းခဲ့ပါ တယ်။ အမေရိကန်နဲ့ ကနေဒါနိုင်ငံဟာ အစ္စရေးနိုင်ငံရဲ့ အနီးကပ်ဆုံး မဟာမိတ်တွေ ဖြစ်ကြပါတယ်။ [gallery ids="77701,77700,77699"]

A d v e r t i s e m e n t With Us

More News
Up