A d v e r t i s e m e n t With Us

လေလွင့်ခွေးကို သေနတ်ဖြင့်ပစ်သတ်သူ ရဲစခန်းတွင် အမှုဖွင့်ခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မှာ လေလွင့်ခွေးတစ်ကောင်ကို ပစ်သတ်ခဲ့တဲ့ သေနတ်သမားကို အရေးယူဖို့ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ဘန်ကောက်မြို့ လတ်ဖလောက်ရပ်ကွက် အမ်ပီရီရယ်ကုန်တိုက်ရှေ့မှာ လေလွင့်ခွေးတကောင် သေနတ်ပစ်ခံရတာနဲ့ ပတ်သက်ပြီး ကျူးလွန်သူကို ရှာဖွေအရေးယူပေးဖို့ တရိစ္ဆာန်များ ကာကွယ်ရေးအသင်း (ထိုင်းနိုင်ငံ)က ဇန်န၀ါရီလ ၁၅ ရက်နေ့မှာ ချုတ်ချိုင်းနယ်မြေရဲစခန်းကို တိုင်ကြားခဲ့တယ်လို့ ချနယ်လ် ၇ ထိုင်းတီဗွီ သတင်းမှာ ဖော်ပြပါတယ်။ ဇန်န၀ါရီလ ၁၃ ရက်နေ့ညက အနက်ရောင် ချက်ဗလက်ကားတစ်စီးဟာ အမ်ပီရီရယ်ရှေ့ လမ်းပေါ်မောင်းနှင်လာရင်း ခွေးတစ်အုပ်က ၀ိုင်းဟောင်ခဲ့ကြောင်း၊ အဲဒီချိန်မှာ ကားပေါ်က လူတယောက်ထွက်လာပြီး ခွေးကိုသေနတ်နဲ့ ပစ်ခဲ့တာကို တရိစ္ဆာန်ကာကွယ်ရေးအသင်းက စောင့်ကြည့်ကင်မရာက ဖမ်းယူထားတဲ့ အထောက်အထားနဲ့ ရဲစခန်းကို တိုင်တန်းထားတာ ဖြစ်ပါတယ်။ သေနတ်ပစ်ခံရတဲ့ခွေးဟာ အသက် ၉ နှစ်ရွယ် ခွေးမတကောင်ဖြစ်ပြီး ပိုင်ရှင်မရှိပေမယ့် ပတ်ဝန်းကျင်က ၀ိုင်းဝန်းစောင့်ရှောက်ကာ ခေါင်ဒန်လို့အမည်ပေး ထားကြောင်း၊ မျက်မြင်တွေရဲ့ ပြောပြချက်အရ အဲဒီခွေးဟာ ဘယ်သူ့ကိုမှ ရန်မူပြီးကိုက်တာ မရှိသေးဘဲ လိမ္မာတတ်သိပြီး လူချစ်လူခင်များကြောင်း၊ အထူးအဆန်းကို ၀ိုင်းဟောင်တတ်တာကတော့ ခွေးတို့ရဲ့ သဘာဝ ဖြစ်ကြောင်း၊ သေနတ်မှန်သွားတဲ့ ခွေးကို မျက်မြင်တွေက ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ၁၄ ရက်နေ့မှာ သေသွားတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ချတ်ချိုင်းရဲစခန်းက ရဲမှူး နမ့်ဖိတ် ဆပ်အုဒူန်းကလည်း ကျူးလွန်သူဟာ သည်းခံစိတ်မရှိသူ၊ ဒေါသကြီးပြီး ရက်စက်သူလို့ ယူဆရတဲ့အတွက် ဒီလိုလူကို အရေးမယူရင် ပြည်သူ့အသက်စည်းစိမ်တွေပါ ထိပါးလာနိုင်ကြောင်း၊ ဒါကြောင့် သူ့ကိုဖမ်းမိဖို့ အမြန်ဆုံး ကြိုးစားနေတယ်လို့ သတင်းထောက်ကို ပြောသွားပါတယ်။ လောလောဆယ် ရဲစခန်းက ကျူးလွန်သူကို တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှု၊ အများပြည်သူဆိုင်ရာ နေရာမှာ သေနတ်ကိုင်တွယ်မှု၊ သေနတ်ပစ်ဖောက်မှု၊ ရာဇ၀တ်မှု စတဲ့အမှု ၃ ခုနဲ့ အရေးယူထားပါတယ်။ ထိုင်းဥပဒေအရ တိရစ္ဆာန်ညှဉ်းပမ်းနှိပ်စက်ကြောင်း ပစ်မှုထင်ရှားရင် ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ငွေဒဏ် ဘတ် ၄ သောင်း ပေးဆောင်ရမယ်လို့ သတ်မှတ်ထားပါတယ်။ [gallery ids="77691,77692,77693,77694"]

A d v e r t i s e m e n t With Us

More News
Up