A d v e r t i s e m e n t With Us

ဂျူးဆန့်ကျင်ရေး လှုပ်ရှားမှု ထိန်းချုပ်ရန် လိုအပ်ဟု ဗြိတိန် ပြည်ထဲရေးဝန်ကြီး ပြော

ဗြိတိသျှ ပြည်ထဲရေးဝန်ကြီး သာရီဆာမေက ဗြိတိန်က ဂျူးဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ထိန်းချုပ်ဖို့ လိုအပ်နေပြီလို့ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၈ ရက်နေ့က ပြောပါတယ်။ Britain's Home Secretary May delivers a speech in central Londonပါရီမှာ ဂျူးလူမျိုး ၄ ယောက်ကို အစ္စလာမ္မစ် သေနတ်သမားတွေက တိုက်ခိုက်ခဲ့တဲ့ အဖြစ်အပျက်အပြီးမှာ  ဗြိတိန်က ဂျူးတွေဟာလည်း အားကိုးရာမဲ့သလို ခံစားနေရတာ၊ မိသားစုတွေအတွက် စိုးရိမ်နေတာကို နားလည်ပါတယ်။ ဗြိတိန်မှာ နေထိုင်ကြတဲ့ ဂျူးတွေဟာ အခုအချိန်မှာ ဘယ်တုန်းနဲ့မှ မတူအောင် စိုးရိမ် ထိတ်လန့်နေကြတယ်ဆိုတာကို  တွေ့ရမယ်လို့ တခါမှ မတွေးခဲ့မိဘူးလို့ ပြောပါတယ်။ လန်ဒန်မှာ ကျင်းပတဲ့ အစည်းအဝေးကို ဗြိတိသျှနွယ်ဖွား ဂျူးတွေ တက်ရောက်ကြပါတယ်။ အစည်းအဝေး မစခင်မှာ ပါရီတိုက်ခိုက်မှုအတွင်း သေဆုံးသွားသူတွေအတွက် အောက်မေ့ဖွယ် အစီအစဉ်တခုကိုလည်း ပြုလုပ်ပါတယ်။ ပါရီ တိုက်ခိုက်မှုအပြီးမှာ ဗြိတိသျှ ရဲတပ်ဖွဲ့ဟာလည်း နိုင်ငံတွင်းက ဂျူးလူမျိုးတွေရဲ့ လုံခြုံရေးကို ပိုပြီး အလေးထား ဆောင်ရွက် နေပါတယ်။ ပြည်ထဲရေးဝန်ကြီးကလည်း ဂျူးတွေဟာ ဗြိတိန် လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်း ဖြစ်တယ်ဆိုတာကို အခိုင်အမာ အာမခံလိုက်ပါတယ်။ ဂျူးတွေဟာ တိုင်းပြည်အတွက် အတိတ်က အကျိုးပြုခဲ့သလို၊ ဒီနေ့အထိ၊ နေ့စဉ်နေ့တိုင်းလည်း အကျိုးပြုနေတယ်လို့ ပြောပါတယ်။ အရင်လက ပြင်သစ်နိုင်ငံ ပါရီတိုက်ခိုက်မှုအတွင်းမှာ အစ္စလာမ္မစ်ဝါဒီ သေနတ်သမားတွေ လက်ချက်ကြောင့် လူ ၁၇ ယောက် သေဆုံးခဲ့တဲ့ အဖြစ်အပျက်အပြီးမှာ ဗြိတိန်မှာလည်း လုံခြုံရေး သတိပေးချက် အဆင့် ၂ သတ်မှတ်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up