A d v e r t i s e m e n t With Us

ဘာသာကူးပြောင်းခြင်းနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်း ဥပဒေ လွှတ်တော်တွင် ဆွေးနွေးမည်

Parliment start 19012015(1ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းကို လက်ခံဆွေးနွေးဖို့ အမျိုးသားလွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။ ဇန်န၀ါရီ ၁၉ ရက်မှာ ပြန်လည် ကျင်းပနေတဲ့ ပထမအကြိမ် အမျိုးသားလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကနေ အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ဒီဥပဒေကြမ်းတွေကို ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လည်း နာမည်စာရင်း တင်သွင်းဖို့လည်း ကြေညာခဲ့ပါတယ်။ ဒီဥပဒေကြမ်းတွေဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန် စံနှုန်းတွေနဲ့ မညီဘူးဆိုပြီး လူ့အခွင့်အရေး အဖွဲ့တွေက အပြင်းအထန် ဝေဖန်ကန်ကွက်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up