A d v e r t i s e m e n t With Us

နောက်တန်းအပေါ်ရှိနေသည့် သံသယကို ချေဖျက်နိုင်ခဲ့ဟု အာဆင်နယ်နည်းပြပြော

အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာ စီးတီးအသင်းကို အနိုင်ရတဲ့ ပွဲစဉ်မှာ နောက်တန်းမှာ ရှိနေတဲ့ သံသယတွေကို ချေဖျက်နိုင်ခဲ့တယ်လို့ အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောပါတယ်။ ဇန်န၀ါရီ ၁၈ ရက်နေ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အာဆင်နယ်အသင်းက ဆန်တီဂါဇိုလာနဲ့ အော်လီဗာ ဂေးယောဒ်တို့ရဲ့ သွင်းဂိုးတွေနဲ့ မန်စီးတီးအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ “မေးခွန်းတွေ အများကြီး အထုတ်ခံနေရတဲ့ ကျနော်တို့ နောက်တန်းအတွက် ကျနော် ကျေနပ်ပါတယ်။ ပစ်မှတ်ကတော့ အရင်နှစ်က အနိုင်မရခဲ့တဲ့ ပြိုင်ပွဲကြီးကို အနိုင်ရဖို့ ဖြစ်ပါတယ်”လို့ အာဆင်ဝင်းဂါးက ပြောပါတယ်။ အရင်နှစ်ကတော့ အာဆင်နယ်အသင်းက မန်စီးတီးကို ၆ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ လက်ရှိချန်ပီယံ မန်စီတီးအသင်းရဲ့ ဒီအရှုံးကြောင့် အမှတ်ပေးဇယားမှာ ဦးဆောင်နေတဲ့ ချဲလ်ဆီးအသင်းနဲ့ ၅ မှတ်ကွာသွားပြီ ဖြစ်သလို အာဆင်နယ်အသင်းက အနိုင်ရတဲ့အတွက် အမှတ်ဇယား နံပါတ် ၅ နေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ [gallery ids="77669,77670,77671"]

A d v e r t i s e m e n t With Us

More News
Up