A d v e r t i s e m e n t With Us

အာရှဖလားပွဲစဉ်တွင် တရုတ်နှင့် ဥဇဘက်ကစ္စတန် တို့ အနိုင်ရ

သြစတြေးလျနိုင်ငံမှာ ကျင်းပနေတဲ့ အာရှဖလား ဇန်န၀ါရီလ ၁၈ ရက်နေ့ အုပ်စုဘီ ပွဲစဉ်တွေမှာ တရုတ်က မြောက်ကိုရီးယားကို ၂ ဂိုး၊ ၁ ဂိုး၊ ဥဇဘက်ကစ္စတန်က ဆော်ဒီ အာရေးဗီးယားကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပါတယ်။ တရုတ်အသင်းဟာ ပထမ နှစ်ပွဲမှာ ဆော်ဒီနဲ့ ဥဇဘက်ကို နိုင်ထားလို့ အခုတခါ မြောက်ကိုရီးယားကိုလည်း ထပ်နိုင်လိုက်တဲ့အတွက် သုံးပွဲကစားပြီး သုံးပွဲစလုံး အနိုင်နဲ့ အုပ်စု ဗိုလ်အဖြစ် ရပ်တည်ပါတယ်။ မြောက်ကိုရီးယားအသင်းကတော့ ပထမ နှစ်ပွဲစလုံး ရှုံးထားတဲ့ အသင်းဖြစ်ဖို့ အုပ်စုအဆင့်ကနေ အိမ်ပြန်ဖို့ သေချာသွားပါပြီ။ ဇန်န၀ါရီလ ၁၈ ရက်နေ့ပွဲမှာ ပွဲချိန် ၄၅ စက္ကန့်လောက်မှာပဲ တရုတ်နောက်တန်းသမား မိုင်ဖန်း အဝေးကနေ တင်ပေးလိုက်တဲ့ ဘောလုံးတဆင့် ဆန်ကီးက သွင်းယူနိုင်ခဲ့လို့ စောစောစိးစီးပဲ တရုတ်အသင်းက ဂိုးအသာနဲ့ ဦးဆောင်နိုင်ပါတယ်။ ပထမပိုင်းပြီးဖို့ ၃ မိနစ်အလိုမှာ ဒုတိယ ဂိုးကို ဆန်ကီးကပဲ ခေါင်းတိုက်သွင်းယူပါတယ်။ ဒုတိယပိုင်းမှာတော့ တရုတ်အသင်းက စိတ်အေးလက်အေး ကစားခဲ့ပြီး မြောက်ကိုရီးယားဘက်က တန်ပြန် တိုက်စစ်ဆင်ပါတယ်။ ၁၁ မိနစ်အကြာမှာတော့ မြောက်ကိုရီးယားက ချေပ ဂိုးတဂိုး ပြန်ရပါတယ်။ ဇန်န၀ါရီလ ၁၈ ရက်နေ့ ပွဲရလဒ်အရ အုပ်စု ဘီ အုပ်စုဗိုလ် တရုတ်အသင်းဟာ ဇန်န၀ါရီလ ၂၂ ရက်နေ့ကျရင် အိမ်ရှင် သြစတြေလျ အသင်းနဲ့ ဆုံရမှာဖြစ်ပါတယ်။ အုပ်စုဘီ နောက်တပွဲဖြစ်တဲ့ ဥဇဘက်ကစ္စတန်နဲ့ ဆော်ဒီပွဲမှာတော့ ဥဇဘက်ကစ္စတန် အလယ်တန်းကစားသမား ဆာဒေါ ရက်ရှိဒေါ့ဗ်က နှစ်ဂိုး၊ လူစားဝင်လာတဲ့ ဘော့ဟစ် ဆိုဒေ့ယက်က တဂိုးသွင်းပေးခဲ့ပါတယ်။ ဆော်ဒီအသင်းအတွက် တဂိုးကို အငြင်းပွားဖွယ်ရာ ပနာတီကတဆင့် ရရှိခဲ့တာဖြစ်ပါတယ်။ ဆော်ဒီကို နိုင်ပြီး အုပ်စု ဒုတိယဖြစ်တဲ့ ဥဇဘက်ကစ္စတန်အသင်းဟာ ကွာတားဖိုင်နယ်မှာ တောင်ကိုရီးယား အသင်းနဲ့ ယှဉ်ရမှာဖြစ်ပါတယ်။ [gallery ids="77634,77635,77636,77637,77638,77639"]

A d v e r t i s e m e n t With Us

More News
Up