A d v e r t i s e m e n t With Us

အာစင်နယ်ကစားသမား အာတီတာနှင့် ဒီဘူချီတို့ ဒဏ်ရာကြောင့် ၃ လစီ အနားယူရန်ရှိ

အာဆင်နယ်ကစားသမား  အာတီတာနဲ့ ဒီဘူချီတို့ ဟာ  ဒဏ်ရာတွေကြောင့် ၃ လစီ နားရဖို့ ရှိနေပါတယ်။ ကွင်းလယ်ကစားသမား အာတီတာဟာ  ဘယ်လက်ခြေကျင်းဝတ် ဒဏ်ရာရှိခဲ့ပြီး  နောက်ခံလူ ဒီဘူချီဟာ  ပခုံးဒဏ်ရာတွေ အသီးသီးရခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်  ဇူလိုင်လက ပေါင် ၁၂ သန်းနဲ့ နယူးကာဆယ်က ရောက်လာသူ ဒီဘူချီမှာ အာဆင်နယ်အတွက် ၁၄ ပွဲသာ ကစားခွင့်ရခဲ့သေးပါတယ်။ ပြီးခဲ့တဲ့ စတုတ်နဲ့ပွဲ မှာ ဒီဘူချီ ဒဏ်ရာရခဲ့တာပါ။ စပိန်သား အာတီတာ ကတော့  နိုဝင်ဘာ ၂၆ ရက်နေ့ ဒေါ့မွန်နှင့်ပွဲမှာ  ဒဏ်ရာရခဲ့ပီး ခွဲစိတ်ကုသခံရမှာကြောင့်  ကာလရှည်နားရတာပါ။ အာတီတာဟာ  ၂၀၁၁ သြဂုတ်လက  အဲဗာတန် ကနေ  ပေါင် ၁၀ သန်း နဲ့   ရောက်ရှိလာပြီး  ၁၃၆ ပွဲ မှာ ၁၆ ဂိုး သွင်းပေးထားသူ ဖြစ်ပါတယ်။ [gallery ids="77621,77622,77623,77624,77625"]

A d v e r t i s e m e n t With Us

More News
Up