A d v e r t i s e m e n t With Us

ရော်နယ်ဒိုနှင့် ရုရှားမော်ဒယ်တို့ လမ်းခွဲပြီ

ရုရှားမော်ဒယ်  အိုင်ရီနာဟာ  ကမ္ဘာကျော်ဘောလုံးသမား ရော်နယ်ဒို နဲ့ လမ်းခွဲခဲ့တယ်ဆိုတဲ့ သတင်းဟာ ဟုတ်မှန်ကြောင်း အိုင်ရီနာရဲ့ အေးဂျင့်ဖြစ်သူက  လူသိရှင်ကြား အတည်ပြုခဲ့ပါတယ်။ ဘာ့ကြောင့် သူတို့နှစ်ယောက် လမ်းခွဲသွားတယ်ဆိုတာကိုတော့ သူက  ပြောကြားခဲ့ တာတော့ မရှိပါဘူး။ အိုင်ရီနာဟာ ရော်နယ်ဒိုရဲ့မိခင်နဲ့ အဆင်မပြေတာကြောင့် လမ်းခွဲလိုက်တာလို့  သတင်းတချို့မှာ ဖော်ပြတာမျိုးတွေလည်း ရှိနေပါတယ်။ အေးဂျင့်ကတော့ ဒီသတင်းကိုလည်း ငြင်းခဲ့ပြီး အိုင်ရီနာဟာ ရော်နယ်ဒိုရဲ့ မိသားစုတွေနဲ့ ရင်းရင်းနှီးနှီးရှိခဲ့ပါတယ်လို့ ဆိုပါတယ်။ ကောလာလတွေဟာ မှားယွင်းတဲ့ ပြောဆိုမှုတွေသာ ဖြစ်တယ်လို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ သူတို့ နှစ်ယောက်ရဲ့  ချစ်သက်တမ်းဟာ ၅ နှစ်လောက်ကြာခဲ့တာပါ။  အိုရီနာ ဟာ  ရော်နယ်ဒိုရဲ့ Twitter  ကို Follow လုပ်ထားတာကို အခု  ရပ်တန့်လိုက်ပါပြီ။ ရော်နယ်ဒိုကလည်း ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ဆုယူပွဲကို ၁ ယောက်ထဲ တက်ရောက်ခဲ့သလို ဆုယူပြီး ပြောခဲ့တဲ့ ကျေးဇူးတင်စကားမှာ အိုင်ရီနာနဲ့ ပတ်သက်လို့ ထည့်သွင်းပြောဆိုတာမျိုးတောင် မရှိခဲ့ပါဘူး။ [gallery ids="77608,77609,77610,77611,77612"]

A d v e r t i s e m e n t With Us

More News
Up