A d v e r t i s e m e n t With Us

ဖွဲ့စည်းပုံပြင်ရေး အန်အယ်လ်ဒီနှင့် ယူအန်အေ ပူးပေါင်းလုပ်ဆောင်မည်

နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့နဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ၂၀၁၅ ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့ အန်အယ်ဒီပါတီနဲ့ ယူအန်အေတို့ ပူးပေါင်းလုပ်ဆောင်သွားကြဖို့ ဒီနေ့ နှစ်ဘက်ဆွေးနွေးခဲ့ကြပါတယ်။ 07062014NLD Central Comitte Metting7အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် နှင်းဆီအိမ်တော်မှာ စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (ယူအန်အေ) နဲ့ နှစ်ဘက်တွေ့ဆုံဆွေးနွေးမှုအတွင်း အခုလို ပူးပေါင်းလုပ်ဆောင်ကြဖို့ ဆွေးနွေးခဲ့ကြတာလို့ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။ ဒီနေ့ ဆွေးနွေးပွဲကို အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ၈ ဦး၊ ယူအန်အေဘက်က ဦးစိုင်းညွန့်လွင် ဦးဆောင်တဲ့ အဖွဲ့ဝင် ၅ ဦး တက်ရောက်ခဲ့ကြပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားဒီမိုကရေစီပါတီ ၈ ခုနဲ့ ဖွဲ့စည်းထားတဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသားများမဟာမိတ်အဖွဲ့ (ယူအန်အေ) နဲ့ အဖွဲ့ချုပ်တို့ဟာ အပတ်စဉ် စနေနေ့တိုင်း ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးကြလေ့ရှိပါတယ်။ ဒီတကြိမ် နေပြည်တော်ဆွေးနွေးပွဲကိုတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up