မိုဟာမက်ပုံ ရုပ်ပြောင်ဖော်ပြသည့် ပါရီမဂ္ဂဇင်းတိုက်ကို ပါကစ္စတန်တွင် ဆန္ဒပြ

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှာ ချာလီ အက်ပ်ဒိုမဂ္ဂဇင်း တိုက်ခိုက်ခံရအပြီး တပတ်အကြာမှာ ထုတ်ဝေခဲ့တဲ့ သမန်တော်မိုဟာမတ်ပုံကို ပါကစ္စတန်နိုင်ငံမှာ ဆန့်ကျင်ဆန္ဒပြမှုတွေ မနေ့က ဖြစ်ပွားခဲ့ပါတယ်။
မွတ်စလင်ဘာသာရေးအဖွဲ့အစည်းတခုက ဦးဆောင်စီစဉ်ခဲ့ပြီး လူ ၂၀၀ ကျော် ကရာချီမြို့က ဈေးတခုမှာ ဆန့်ကျင်ဟောပြောမှုတွေ ပြုလုပ်ခဲ့ပါတယ်။
မွတ်စလင်ဘာသာရေးဆရာတွေက တခြားသာသာခြားတခုကို ဆန့်ကျင်စော်ကားတာဟာ မှားယွင်းတဲ့လုပ်ရပ်ဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီး ပြောဆိုခဲ့တာကို ကိုးကားပြောဆိုခဲ့ပါတယ်။ အဲ့ဒီမှားယွင်းတဲ့ လုပ်ရပ်အတွက်လည်း တုံ့ပြန်မှုတွေ ရှိလာမယ်လို့လည်း ပြောဆိုပါတယ်။
ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး ချောင်ဒရီ နီဆာ အလီခန်းက မီဒီယာသမားတွေနဲ့ မနေ့က တွေ့ဆုံပြီး ကာတွန်းဆရာတွေရဲ့လုပ်ရပ်ဟာ အကြမ်းဖက်တွေရဲ့လုပ်ရပ်နဲ့ သိပ်မကွာဘူးလို့ ပြောဆိုခဲ့ပါတယ်။
တခြားဘာသာ ကိုးကွယ်ယုံကြည်မှုကို စော်ကားတာဟာ အကြမ်းဖက်တွေက အခွင့်အရေးယူစရာဖြစ်လာမယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတာကို ကိုင်ပြီး တခြားဘာသာတရားတွေကို စော်ကားမှုဟာ အစွန်းရောက်တွေရဲ့ လုပ်ရပ်တွေလိုပဲဖြစ်တယ်။ ဒါကြောင့် ဒီလူတွေကို အကြမ်းဖက်မှုကို အားပေးအားမြှောက်လုပ်သူတွေလို့ သတ်မှတ်ရမှာဖြစ်တယ်” လို့ ပြည်ထဲရေးဝန်ကြီးက ပြောဆိုခဲ့တာပါ။
ဇန်န၀ါရီ ၁၆ ရက်နေ့ကလည်း ကရာချီမြို့မှာ ရှိတဲ့ ပြင်သစ်သံရုံးရှေ့ ဆန္ဒပြပွဲတွေကိုတော့ မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေနဲ့ လူစုခွဲခဲ့ရပါတယ်။
အခုလို တမန်တော်မိုဟာမက်ကာတွန်းပုံကို အကြောင်းပြုပြီး ရဲနဲ့ ဆန္ဒပြသူတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုဟာ ပါကစ္စတန်နိုင်ငံမှာ ပထမဆုံးဖြစ်ပွားခဲ့တာပါ။
ဓာတ်ပုံ - ရိုက်တာ ဗွီဒီယို
[gallery ids="77575,77576,77577,77578,77579,77580,77581"]