Home
မြန်မာသတင်း
ကေကိုင်အေတပ်ဖွဲ့က ဖမ်းထားသည့် ရဲ ၃ ဦးကို သွားရောက်ခေါ်ယူနေ
ရွှေအောင်
·
January 18, 2015
ကေအိုင်အေတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရဲ ၃ ယောက် လာရောက်ခေါ်ဆောင်ဖို့ ကေအိုင်အိုဗဟိုက အကြောင်းကြားလာတဲ့အတွက် ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ဝင်တွေ  ဖားကန့်ကို သွားရောက်နေပါတယ်။ ဒီနေ့ သွားရောက်နေကြပြီး လမ်းပန်းဆက်သွယ်ရေးအခြေအနေ မကောင်းတဲ့အတွက် မနက်ဖြန်လောက်မှ လက်ခံယူဖြစ်မယ်လို့  ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလမိုင်ဂွန်ဂျာ က ဒီဗွီဘီကို ပြောပါတယ်။ “ကေအိုင်အို ဗဟိုက ပြန်လွှတ်ပေးဖို့ အမိန့်ပေးတဲ့အခါကျတော့ ကျနော်တို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ကို သွားပြီး လက်ခံယူပေးဖို့ အကူအညီတောင်းလို့ သွားနေပါတယ်။ လမ်းမှာ တံတားတွေကျိုးလို့ ကားတောင် သွားလို့မရတဲ့အခါကျတော့ ကျနော်တို့ လမ်းလျှောက်သွားရမယ်ဆိုတော့ ဒီညတောင် ဘယ်အချိန်မှ ဖားကန့်ရောက်မလဲ မသိသေးဘူးဗျ။” ကေအိုင်အေ (ကချင်လွတ်လပ်ရေးတပ်မတော်) အဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၄ ရက်က မိုးကောင်း-ကာမိုင်း-ဖားကန့် လမ်းကြောင်း  စစ်ဆေးကြည့်ရှုနေတဲ့ ကချင်ပြည်နယ် အစိုးရ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကို ခေတ္တထိန်းသိမ်းပြန်လွှတ်ပေးခဲ့ပြီးနောက် ၀န်ကြီးနဲ့အတူ လိုက်ပါသွားတဲ့ လုံခြုံရေးရဲ ၃ ယောက်ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ ဖားကန့်ဒေသဘက်မှာ တပ်မတော်နဲ့ ကေအိုင်အေအကြား ရဲ ၃ ယောက်ဖမ်းဆီးခေါ်ဆောင်သွားတဲ့နေ့ကစပြီး ဇန်န၀ါရီ ၁၇ ရက်အထိ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ နှစ်ဘက်စလုံးက သတင်းထုတ်ပြန်ထားပါတယ်။ ဖားကန့်နားက အောင်ဘာလေရွာ ကံဆီးခေါနဲ့ ငှက်ပျောတောရွာတို့က ရွာသားအမြောက်အမြားလည်း တိုက်ပွဲတွေကြား ပိတ်မိနေကြပြီး သူတို့ကို ကယ်ထုတ်ဖို့ သွားတဲ့ လူမှုရေးအဖွဲ့တွေရဲ့ ကားတွေလည်း တားဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။   [gallery ids="77174,77173,77172,77171"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024