A d v e r t i s e m e n t With Us

နာမည်ကြီးဘိုင်ယန်မြူးနစ် ဆော်ဒီကလပ်နှင့် ချစ်ကြည်ရေး ကစားမည်

နာမည်ကြီး ဘိုင်ယန်မြူးနစ် အသင်းဟာ ဆော်ဒီထိပ်တန်း ကလပ်အသင်းဖြစ်တဲ့ အယ် ဟယ်လာ အသင်းနဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲ ကစားဖို့အတွက် ဇန်န၀ါရီ ၁၇ ရက်နေ့က ဆော်ဒီ အာရေးဗီယား နိုင်ငံကို ရောက်ရှိသွားပါတယ်။ ဆော်ဒီမှာ ရှိတဲ့ ဘိုင်ယန်မြူးနစ် ပရိသတ်တွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပါတယ်။ ပရိသတ်တဦးက “ဘိုင်ယန်မြူးနစ် အသင်းကို  တွေ့ချင်တာရယ်၊ ဆော်ဒီမှာလည်း ဘိုင်ယန်အသင်းရဲ့ အောင်မြင်မှု ဘယ်အတိုင်းအတာရှိတယ်ဆိုတာကို ပြသဖို့ လာကြိုတာ” လို့ ပြောပါတယ်။ ပရိသတ် နောက်တဦးကလည်း ဆော်ဒီမှာ ဘိုင်ယန်မြူးနစ်  ဖန်ကလပ် (fan club ) ကို စုစည်းထားတယ်လို့ ပြောပါတယ်။ ဘိုင်ယန်အသင်းနဲ့ ဆော်ဒီကလပ် အယ်ဟယ်လာအသင်းတို့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာတော့ ဘိုင်ယန် အသင်းနည်းပြက “ချစ်ကြည်ရေးပွဲဟာ နောက်ရာသီအတွက် ခြေစမ်းတဲ့ပွဲလည်း ဖြစ်တယ်၊ ဆော်ဒီ ပရိသတ်တွေကြောင့် ၀မ်းသာပျော်ရွှင်တယ်” လို့ ပြောပါတယ်။ ဆော်ဒီကလပ် အသင်းနည်းပြကလည်း နာမည်ကြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ မလွယ်ကြောင်း၊ ကလပ်ရဲ့ နာမည်ကြီး ကစားသမားတွေက အာရှဖလား ပွဲမှာ သွားကစားနေတဲ့အချိန်ဖြစ်နေကြောင်း၊ ဒါပေမယ့် ဘိုင်ယန်မြူးနစ်နဲ့ ကစားရလို့ အသင်းအတွက်ရော၊ ပရိသတ်တွေအတွက်ပါ ဂုဏ်ယူတယ်လို့ ပြောပါတယ်။ ဓာတ်ပုံ - ရိုက်တာ [gallery ids="77549,77550,77551,77552,77553,77554,77555,77556,77557,77558"]

A d v e r t i s e m e n t With Us

More News
Up