အိန္ဒိယတွင် ထိန်းသိမ်းခံနေရသည့် မြန်မာရေလုပ်သား ၁၅၀ ကို ပြန်လည်ခေါ်ယူ

အကြောင်းအမျိုးမျိုးကြောင့် အိန္ဒိယနိုင်ငံ၊ ပို့ဘလဲမြို့မှာ ထောင်ဒဏ်ကျနေတဲ့ မြန်မာရေလုပ်သား ၁၅၀ ကို သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ အစီအစဉ်နဲ့ ဇန်န၀ါရီ ၁၇ ရက်က ရန်ကုန်ကို လေကြောင်းခရီးနဲ့ ပြန်လည်ခေါ်ယူနိုင်ခဲ့ပါတယ်။ ပယ်လယ်ထဲ ငါးဖမ်းရင်း မုန်တိုင်းကြောင့် မျောပါသွားသူတွေ၊ နယ်ကျော်ငါးဖမ်းမိရင်း ထိန်းသိမ်းခံရသူတွေ စတဲ့ ရာနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ ဒီနေ့နဲ့ မနက်ဖြန်မှာလည်း ဆက်လက်ရောက်ဖို့ရှိပြီး အများစုက ဧရာဝတီတိုင်းထဲက ဖြစ်ပါတယ်။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း အိန္ဒိယရောက် မြန်မာရေလုပ်သား ၅၀၀၀ ကျော် ပြန်လည်ခေါ်ယူနိုင်ခဲ့တယ်လို့ အစိုးရက တရားဝင် သတင်းထုတ်ပြန်ပါတယ်။ ဓာတ်ပုံ - ဒီဗွီဘီ [gallery ids="77532,77533,77534,77535,77536,77537"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up