A d v e r t i s e m e n t With Us

ဘရာဇီး လိုင်းကားခမြှင့်တင်မှု ကန့်ကွက်ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးများဖြင့် လူစုခွဲ

ဘရာဇီးနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ဆော်ပေါ်လိုမြို့မှာ လိုင်းကားခမြှင့်တင်လိုက်လို့ မကျေနပ်တဲ့ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဗုန်းတွေနဲ့ ပစ်ခတ်လူစုခွဲခဲ့ပါတယ်။ ဇန်န၀ါရီ ၁၆ ရက်နေ့က ဆော်ပေါ်လိုလမ်းမတွေမှာ ချီတက်ဆန္ဒပြသူ ၃ ထောင်လောက်ရှိတယ်လို့ မြို့တော်ရဲဌာနက ခန့်မှန်းထားပြီး ယာဉ်စီးခနှုန်းထားတွေ ပြန်လျော့ချပေးရေး ဒါမှမဟုတ် လုံးဝပယ်ဖျက်ပေးရေးတောင်းဆိုခဲ့ကြပါတယ်။ ယာဉ်စီးခတွေကို ၃ ရီယာကနေ ၅ ရီယာခွဲ (အမေရိကန်ဒေါ်လာ ၁.၁၅ ဒေါ်လာကနေ ၁.၃၄ ဒေါ်လာ) ကို မြင့်တက်လိုက်လို့ ယာဉ်စီးခ လုံးဝပယ်ဖျက်ပေးရေး လှုပ်ရှားမှုက ဒီဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့ကြတာပါ။ ပြီးခဲ့တပတ်ဆန္ဒပြပွဲတွေတုန်းကတော့ ဘဏ်တွေကို ဆန္ဒပြသူတွေက မီးရှို့ ဖျက်ဆီးခဲ့ကြပါတယ်။ လှုပ်ရှားမှုအဖွဲ့ဝင်တဦးက လိုင်းကားကုမ္ပဏီတွေက ၀င်ငွေကောင်းနေတာကို မြို့ခံတွေအားလုံးက သိနေကြပြီး အခုလို ယာဉ်စီးခ ၅၀ ရာခိုင်နှုန်း တိုးမြှင့်လိုက်တာဟာ လက်ခံနိုင်စရာမရှိကြောင်း၊ ယာဉ်စီးခပြန်မချပေးမချင်း ဆန္ဒပြတောင်းဆိုသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်ကလည်း အခုလို ယာဉ်စီးခနှုန်းတွေကို ၇ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်တာကြောင့် ဘရာဇီးနိုင်ငံတ၀န်း ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တာပါ။ ဒီဆန္ဒပြပွဲတွေဟာ ယာဉ်စီးခနှုန်းထားတွေကို ပြန်ချပေးဖို့ မြို့တော်ဝန်တွေကို ဖိအားပေးနေတဲ့ သမ္မတအတွက် လူထုထောက်ခံမှုကျဆင်းရတဲ့ အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။ ဓာတ်ပုံ - ရိုက်တာဗွီဒီယို [gallery ids="77524,77525,77526,77527,77528"]

A d v e r t i s e m e n t With Us

More News
Up