မနေ့ညက ယှဉ်ပြိုင်သွားကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အသင်းကြီးတွေဖြစ်တဲ့ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးအသင်းတွေဟာ အဝေးကွင်းတွေမှာ နိုင်ပွဲကိုယ်စီနဲ့ အမှတ် ၃ မှတ် ရယူနိုင်ခဲ့ကြပါတယ်။
ဇယားထိပ်က ချဲလ်ဆီးက ဆွမ်းဆီးအသင်းကို ၅ ဂိုး ဂိုးမရှိ အနိုင်ရခဲ့ပါတယ်။ အနိုင်ဂိုးတွေကို ပွဲစစချင်း မိနစ်မှာတင် အော်စကာက သွင်းယူပေးခဲ့တာပါ။ ဒီယာဂို ကော်စတာက ၂ ဂိုး ဆက်လက်သွင်းယူပြီး ၃၆ မိနစ်မှာ အော်စကာကပဲ စတုတ္ထမြောက်ဂိုးကို ထပ်မံ သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အန်ဒရေး ရှာရယ်က ပဉ္စမမြောက်ဂိုးကို မိနစ် ၈၀ မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
[caption id="attachment_77518" align="aligncenter" width="448"]

ဂျိမ်းစ် ၀ဲလ်ဆမ်[/caption]
ဒါကြောင့် ချဲဆီးဟာ တပွဲလျော့ မန်စီးတီးကို ၅ မှတ် ဖြစ်ထားနိုင်ခဲ့ပြီး ဇယားထိပ်မှာ ဦးဆောင်နေဆဲ ဖြစ်ပါတယ်။
လီဗာပူးအသင်းကတော့ ဖာဘီယို ဘိုရီနီနဲ့ ရီကီ လမ်းဘတ်တို့ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ အန်စတွန်ဗီလာ အသင်းကို အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲအနိုင်ကြောင့် လီဗာပူးအသင်းဟာ အမှတ် ၃၅ မှတ်နဲ့ တပွဲလျော့ အာဆင်နယ်ရဲ့နောက် အဆင့် ၇ မှာ ရပ်တည်နေပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းကတော့ ဖယ်လိုင်နီ၊ ဂျိမ်းစ် ၀ဲလ်ဆမ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ၂ ဂိုး ဂိုးမရှိနဲ့ ကျူပီအာ အသင်းကို အနိုင်ယူပြီး ရမှတ် ၄၀ နဲ့ အဆင့် ၄ မှာ ဆက်လက် ရပ်တည်နေပါတယ်။
ဆောက်သမ်တန် အသင်းကလည်း နယူးကာဆယ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့အတွက် အမှတ် ၄၂ မှတ်နဲ့ အဆင့် ၃ မှာ ဆက်လက် ရပ်တည်နေဆဲပါ။
ဒီတပတ်ရဲ့ ပရိသတ် စိတ်ဝင်စားဆုံး ပွဲစဉ်တပွဲ ဖြစ်တဲ့ မန်စီးတီးကွင်းမှာ အာဆင်နယ်က သွားရောက်ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်ကတော့ ဒီနေ့ည ၁၀ နာရီခွဲ ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။