အသင်းကြီးများ အနိုင်ရသွားသည့် ပရီးမီးယားလိဂ်

မနေ့ညက ယှဉ်ပြိုင်သွားကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အသင်းကြီးတွေဖြစ်တဲ့ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးအသင်းတွေဟာ အဝေးကွင်းတွေမှာ နိုင်ပွဲကိုယ်စီနဲ့ အမှတ် ၃ မှတ် ရယူနိုင်ခဲ့ကြပါတယ်။ ဇယားထိပ်က ချဲလ်ဆီးက ဆွမ်းဆီးအသင်းကို ၅ ဂိုး ဂိုးမရှိ အနိုင်ရခဲ့ပါတယ်။ အနိုင်ဂိုးတွေကို ပွဲစစချင်း မိနစ်မှာတင် အော်စကာက သွင်းယူပေးခဲ့တာပါ။ ဒီယာဂို ကော်စတာက ၂ ဂိုး ဆက်လက်သွင်းယူပြီး ၃၆ မိနစ်မှာ အော်စကာကပဲ စတုတ္ထမြောက်ဂိုးကို ထပ်မံ သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အန်ဒရေး ရှာရယ်က ပဉ္စမမြောက်ဂိုးကို မိနစ် ၈၀ မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ [caption id="attachment_77518" align="aligncenter" width="448"]E3F2D584BD6D4F76A1E81D0D1CA0F2D0.ashx ဂျိမ်းစ် ၀ဲလ်ဆမ်[/caption] ဒါကြောင့် ချဲဆီးဟာ တပွဲလျော့ မန်စီးတီးကို ၅ မှတ် ဖြစ်ထားနိုင်ခဲ့ပြီး ဇယားထိပ်မှာ ဦးဆောင်နေဆဲ ဖြစ်ပါတယ်။ လီဗာပူးအသင်းကတော့ ဖာဘီယို ဘိုရီနီနဲ့ ရီကီ လမ်းဘတ်တို့ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ အန်စတွန်ဗီလာ အသင်းကို အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲအနိုင်ကြောင့် လီဗာပူးအသင်းဟာ အမှတ် ၃၅ မှတ်နဲ့ တပွဲလျော့ အာဆင်နယ်ရဲ့နောက် အဆင့် ၇ မှာ ရပ်တည်နေပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းကတော့ ဖယ်လိုင်နီ၊ ဂျိမ်းစ် ၀ဲလ်ဆမ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ၂ ဂိုး ဂိုးမရှိနဲ့ ကျူပီအာ အသင်းကို အနိုင်ယူပြီး ရမှတ် ၄၀ နဲ့ အဆင့် ၄ မှာ ဆက်လက် ရပ်တည်နေပါတယ်။ ဆောက်သမ်တန် အသင်းကလည်း နယူးကာဆယ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့အတွက် အမှတ် ၄၂ မှတ်နဲ့ အဆင့် ၃ မှာ ဆက်လက် ရပ်တည်နေဆဲပါ။ ဒီတပတ်ရဲ့ ပရိသတ် စိတ်ဝင်စားဆုံး ပွဲစဉ်တပွဲ ဖြစ်တဲ့ မန်စီးတီးကွင်းမှာ အာဆင်နယ်က သွားရောက်ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်ကတော့ ဒီနေ့ည ၁၀ နာရီခွဲ ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up