တရုတ်နိုင်ငံတွင် သင်္ဘောနစ်မြုပ်မှုကြောင့် ၂၁ ဦး သေဆုံး

1.2K
တရုတ်နိုင်ငံ ယန်စီမြစ်အတွင်း ဇန်န၀ါရီ ၁၅ ရက်နေ့က နှစ်မြုပ်ခဲ့တဲ့ ဆွဲသင်္ဘောကို ဒီနေ့ ပြန်လည်တည့်မတ်နိုင်ခဲ့ပြီး သေဆုံးသူ ၂၁ ဦး ရှိတယ်လို့ တရုတ်နိုင်ငံပိုင်သတင်းဌာနက အတည်ပြုပါတယ်။
သင်္ဘောနှစ်မြုပ်ချိန်မှာ သင်္ဘောအင်ဂျင်နီယာတွေနဲ့ သင်္ဘောသားအားလုံး ၂၅ ဦး ရှိခဲ့ပြီး နိုင်ငံခြားသား ၈ ဦးလည်း ပါဝင်ခဲ့ပါတယ်။
ကယ်ဆယ်နိုင်ခဲ့တဲ့ ၃ ဦးလုံးဟာ တရုတ်နိုင်ငံသားတွေဖြစ်ပြီး နိုင်ငံခြားသား ၈ ဦးမှာ စင်ကာပူနိုင်ငံက ၄ ဦး၊ မလေးရှားနိုင်ငံက ၂ ဦး၊ အိန္ဒိယနိုင်ငံနဲ့ ဂျပန်နိုင်ငံက ၁ ဦးစီပါဝင်တယ်လို့ သက်ဆိုင်ရာသံရုံးတွေက အတည်ပြုပါတယ်။
သင်္ဘောကို လွန်ခဲ့တဲ့ အောက်တိုဘာလက တရုတ်နိုင်ငံမှာပဲ တည်ဆောက်ခဲ့ပြီး စင်ကာပူမှာ မှတ်ပုံတင်ထားတဲ့ သင်္ဘောလို့ ဆိုပါတယ်။
ဇန်န၀ါရီ ၁၅ ရက်နေ့ သင်္ဘောအင်ဂျင်အားကို ကုန်တင်ပြီး စမ်းသပ်နေစဉ် ရုတ်တရက် တိမ်းမှောက်ခဲ့တာလို့ လွတ်မြောက်ခဲ့သူတဦးက ပြောဆိုပါတယ်။
သင်္ဘောတိမ်းမှောက်ခဲ့တဲ့နေ့က သင်္ဘောထွက်ခွာမယ့်အကြောင်း ရေကြောင်းအာဏာပိုင်တွေကို အကြောင်းမကြားခဲ့ဘူးလို့ ဒေသခံအာဏာပိုင်တွေက ဆိုပါတယ်။
[gallery ids="77503,77504,77505"]