ဆီးရီးယားသူပုန်များကို အမေရိကန်က စစ်သင်တန်းပေးမည်

1.7K
ဆီးရီးယားနိုင်ငံက အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ် အကြမ်းဖက်တွေကို တိုက်ခိုက်နေတဲ့ အလယ်အလတ်သူပုန်တွေကို စစ်သင်တန်းပေးဖို့ အမေရိကန်တပ်ဖွဲ့ဝင် ၄၀၀ နဲ့ အကူတပ်ဖွဲ့ဝင် ရာဂဏန်းစေလွှတ်မယ်လို့ အမေရိကန်ကာကွယ်ရေး ၀န်ကြီးဌာန ပြန်ကြားရေးဝန်ကြီး John Kirby က ဇန်န၀ါရီ ၁၆ ရက်နေ့မှာ အတည်ပြုပါတယ်။
ဘယ်တပ်က တပ်ဖွဲ့ဝင်တွေကို စေလွှတ်ပြီး ဘယ်နေရာမှာ သင်တန်းပေးမယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။
ဒါပေမယ့် တူရကီ၊ ကတာ နဲ့ ဆော်ဒီအာရေးဘီးယားနိုင်ငံတွေကတော့ စစ်သင်တန်းနေရာအတွက် ကမ်းလှမ်းထားပါတယ်။
၁ နှစ်ကို အယောက် ၅၀၀၀ နှုန်းနဲ့ ၃ နှစ်အတွက် စုစုပေါင်း တပ်ဖွဲ့ဝင် ၁ သောင်းခွဲသင်တန်းပေးဖို့ ရည်မှန်းထားပါတယ်။
တကယ်တော့ ဆီးရီးယားသူပုန်တွေကို ဂျော်ဒန်နိုင်ငံမှာ စီအိုင်အေက ၂၀၁၃ ခုနှစ်၊ မတ်လကစပြီး လျှို့ဝှက်သတင်းပေးနေတာပါ။
တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်းမြို့မှာ အမေရိကန်အရာရှိတွေနဲ့ ဆီးရီးယားအတိုက်အခံတွေ တွေ့ဆုံခဲ့အပြီး အခုကြေညာချက် ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
အီရတ်တပ်ဖွဲ့တွေနဲ့ ကာဒ့်တပ်ဖွဲ့ဝင်တွေကို စစ်သင်တန်းပေးဖို့ အမေရိကန်တပ်ဖွဲ့ဝင် ၃ ထောင်ကျော်ကို အီရတ်နိုင်ငံကို စေလွှတ်ထားပြီးဖြစ်ပါတယ်။
ဒါပေမယ့် စစ်သင်တန်းတွေဟာ သိပ်နှေးပြီး အရေအတွက် သိပ်နည်းတယ်လို့ ပြစ်တင်ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
အိုင်အက်စ်အကြမ်းဖက်တိုက်ခိုက်ရေးအင်အား ၂၁၅၀၀ လောက်ရှိမယ်လို့လည်း စီအိုင်အေက ခန့်မှန်းထားပါတယ်။
တဖက်မှာလည်း ဒီစစ်သင်တန်းပေးလိုက်တဲ့သူပုန်တွေဟာ နောက်ဆုံး နာစရာတပ်ဦးလို အယ်ကိုင်ဒါအကြမ်းဖက်တပ်ဖွဲ့ဝင်တွေ ဖြစ်သွားမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။
[gallery ids="77495,77496,77497"]