နိုဘယ်-မြန်မာစာပေပွဲတော် ကျင်းပ (ဓာတ်ပုံ)














1.6K
ပထမဆုံးအကြိမ် နိုဘယ်-မြန်မာစာပေပွဲတော်ကို ရန်ကုန်မြို့က အမျိုးသားကဇာတ်ရုံမှာ ဇန်န၀ါရီ ဒီနေ့ ပထမဆုံးနေ့အဖြစ် ကျင်းပပါတယ်။
သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော် နာယက ဦးရွှေမန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့က သဝဏ်လွှာပို့ပါတယ်။
စာပေတန်ဖိုးဟာ လူတွေရဲ့စိတ်ကို ပိုပြီးကျယ်ဝန်းအောင် လုပ်ပေးတာကြောင့် တန်ဖိုးရှိတာပါလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် ဥက္ကဋ္ဌ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က စာပေပွဲတော်အတွက် ပေးပို့တဲ့ မိန့်ခွန်းမှာ ပြောသွားခဲ့ပါတယ်။
အမျိုးသားလွှတ်တော် နာယက ဦးခင်အောင်မြင့်၊ သမ္မတရုံး ၀န်ကြီးတွေဖြစ်တဲ့ ဦးစိုးသိန်း ဦးအောင်မင်းတို့လည်း တက်ရောက်ပါတယ်။
မြန်မာစာပေလောကကို နိုင်ငံတကာ စာပေတွေ၊ အထူးသဖြင့် နိုဘယ်လ်ဆုရ ပုဂ္ဂိုလ်ကျော်တွေရဲ့ စာပေ လက်ရာတွေနဲ့ အားဖြည့်ဖို့၊ အများပြည်သူတွေ စာဖတ်အား တိုးတက်စေဖို့၊ မြန်မာစာရေးဆရာတွေ စိတ်ကူးစိတ်သန်းအသစ်တွေ တိုးတက်လာဖို့၊ စာပေကတဆင့် အသိအမြင်ကျယ်လာပြီး ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ရည်ရွယ်တယ်လို့ ကျင်းပရေး ကော်မတီက ဆိုပါတယ်။
စာပေပွဲတော် ၃ ရက်အတွင်း ပြည်တွင်းပြည်ပ ပညာရှင်တွေရဲ့ စာတမ်းဖတ်ပွဲတွေ၊ ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲ၊ ရေးသူဖတ်သူ တွေ့ဆုံပွဲ၊ ကဗျာရွတ်ပွဲ၊ နိုဘယ်လ်ဆုရ မူရင်းစာအုပ်နဲ့ မြန်မာပြန် စာအုပ်ပြပွဲ၊ စာအုပ်ဈေးရောင်းပွဲတော်တွေ ပြုလုပ်ပါတယ်။
ညပိုင်းတွေမှာတော့ စာရေးဆရာ ဆရာမတွေကိုယ်တိုင် သရုပ်ဖော်တင်ဆက်တဲ့ ဆရာဇော်ဂျီရဲ့ မဟာဆန်သူ ပြဇာတ်၊ ဇာတ်မင်းသား နန်းဝင်းနဲ့ သိန်းဇော်တို့ရဲ ပြဇာတ်တွေလည်း တင်ဆက်သွားမှာပါ။
[gallery ids="77476,77477,77478,77479,77480,77481,77482,77483,77484,77485,77486,77487,77488,77489"]