အင်ဒိုနီးရှားတွင် မူးယစ်မှုဖြင့် လူ ၆ ဦးကို ကွပ်မျက်မည့်အပေါ် ပြန်ပြင်ရန် တောင်းဆို




1.5K
အင်ဒိုနီးရှားနိုင်ငံမှာ မူးယစ်ဆေးဝါးအမှုနဲ့ လူ ၆ ဦးကို သေဒဏ်ပေး ကွပ်မျက်မယ့်ဆုံးဖြတ်ချက် ပြန်ပြင်ဖို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နဲ့ ဘရာဇီး အစိုးရတို့က တောင်းဆိုလိုက်ပါတယ်။
မနက်ဖြန်ကျရင် ကြိုးပေးကွပ်မြတ်ခံရမယ့် လူ ၆ ယောက်ထဲမှာ ဘရာဇီးနိုင်ငံသား တဦးလည်း ပါဝင်ပါတယ်။
သူတို့ကို ကွပ်မျက်မယ့် စီရင်ချက်ကို အင်ဒိုနီးရှား ရှေ့နေချုပ်က ဇန်န၀ါရီ ၁၄ ရက်နေ့မှာ ကြေညာခဲ့ပြီး သမ္မတ ဂျိုကိုဝီ ဒိုဒို လက်ထက်မှာ ပထမဆုံး သေဒဏ်ပေးမှု ဖြစ်ပါတယ်။
အသက် ၅၃ နှစ်အရွယ် ဘရာဇီးအမျိုးသားဟာ ၂၀၀၃ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ လေဆိပ်မှာ ကိုကင်း ၁၃၄ ကီလိုဂရမ်နဲ့ ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။
သူဟာ ဘရာဇီးသမ္မတ ဒေးမာ ရူဆွဖ်ရဲ့ နိုင်ငံခြားရေးရာ မူဝါဒဆိုင်ရာ အထူးသံတမန်ဟောင်းလည်းဖြစ်ပါတယ်။ ဆေးခြောက်တွေကို အားကစား ပစ္စည်းတွေထဲမှာ ၀ှက်ပြီး သွင်းဖို့ ကြိုးစားခဲ့တာပါ။
သေဒဏ်ဆုံးဖြတ်ချက်ကို ပြန်ပြင်ဖို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဇန်န၀ါရီ ၁၅ ရက်နေကစလို့ စတင်လှုံ့ဆော်နေတာဖြစ်ပါတယ်။
နောက်ဆုံး အဆင့်အနေနဲ့ သေဒဏ်ကို ဆိုင်းငံ့ပေးဖို့ တောင်းဆိုထားတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ညွှန်ကြားရေးမှူး အတီလာ ရုဂ်က ပြောပါတယ်။
ဘရာဇီး အစိုးရရဲ့ ကိုယ်စားလှယ်ကလည်း ဒီကိစ္စကို ကြိုးစားဆောင်ရွက်နေပြီး ဘရာဇီးအမျိုးသား မာကိုနဲ့ နောက်ထပ် ၅ ဦးကို ငဲ့ညှာတဲ့အနေနဲ့ ဆုံးဖြတ်ချက်အတိုင်း ဆက်မလုပ်ဖို့ အင်ဒိုနီးရှား အစိုးရကို စည်းရုံးနေတယ်လို့ ပြောပါတယ်။
လက်ရှိသမ္မတ ၀ီဒိုဒိုဟာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး၊ ရေပိုင်နက် ကာကွယ်ရေး ကိစ္စတွေကို ပြတ်ပြတ်သားသားကိုင်တွယ်သူဖြစ်ပါတယ်။
ဘရာဇီးနိုင်ငံသား မာကို (ဓာတ်ပုံ - ရိုက်တာ ဗွီဒီယို)
[gallery ids="77446,77447,77448,77449,77450"]