A d v e r t i s e m e n t With Us

မြန်မာ့ ပြုပြုပြောင်းလဲရေးအပေါ် စိုးရိမ်ဟု အမေရိကန်ပြော

တွန်မာလင်နော့စကီး (အလယ်)
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ရှေ့ဆက်နိုင်ပ့ါမလားဆိုတဲ့အပေါ်မှာ စိုးရိမ်စရာတွေ ရှိနေတယ်လို့ မြန်မာပြည်မှာ ရောက်နေတဲ့  အမေရိကန် လူ့အခွင့်အရေးဆိုင်ရာ သံတမန်က ပြောဆိုပါတယ်။ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး  တွန်မာလင်နော့စကီး နဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ရှေ့ဆက်နိုင်ပါ့မလား စိုးရိမ်ကြောင်း အမေရိကန် နဲ့ မြန်မာ နှစ်နိုင်ငံအကြား လူအခွင့်အရေးဆိုင်ရာဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ ရှင်းလင်းပွဲကို ဇန်နဝါရီလ ၁၆ ရက်နေ့က ရန်ကုန်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ “မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ ရှေ့ဆက် နိုင်ပါ့မလားဆိုတာ စိုးရိမ်မကင်းဖြစ်နေပါတယ်။ အစိုးရအနေနဲ့လည်း ဒီပြုပြင်ပြောင်းလည်းရေးမှာ ပြည်သူတွေရဲ့ ယုံကြည်မှု နိုင်ငံတာကာအသိုင်းအဝိုင်းမှာ ယုံကြည်မှုတွေရအောင် ဘယ်လိုထိန်းသွားမလဲဆိုတာ မေးခွန်းထုတ်စာရာတွေရှိတယ်လို့ပြောပါတယ်။” သူတို့အဖွဲ့ဟာ ကချင်ပြည်နယ်ရဲ့ အခြေအနေတွေကို သွားရောက်လေ့လာခဲ့ပြီး နှစ်ဖက်ယုံကြည်မှုတွေ ပျက်ကွက်တာကြောင့် ပဋိပက္ခတွေ ကြာနေတာကို တွေ့ရတယ်လို့ ပြောပါတယ်။ “ကျနော်တို့ ကို်ယ်စားလှယ်တွေဟာ ကချင်ပြည်နယ်က အခြေအနေတွေကို သွားလေ့လာခဲ့ပါတယ်။ ဒီနေ့မှာပဲ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ သတင်းရပြန်ပါတယ်။ ဒါကတော့ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတယ် ဆိုတာကိုပြသတဲ့သဘောပါ။ ကိစ္စမှာ နှစ်ဘက်ကြား ယုံကြည်မှုတွေ ပျက်ကွက်နေတာကြောင့် ဒီလို တင်းမာမှုတွေ တိုးလာတာကို မအံ့သြမိပါဘူး။ ကချင်ပြည်နယ်အတွင်းမှာ အမြန်ဆုံးငြိမ်းချမ်းရေးရရှိဖို့ လိုပါတယ်။ ဒါပေမယ့် အပစ်ရပ်ရုံလောက်နဲ့ ငြိမ်းချမ်းရေး မဖြစ်ပါဘူး။ ဖွံ့ဖြိုးတိုးတက်မှုဖြစ်မယ့် ငြိမ်းချမ်းရေးမျိုး ပြီးတော့ ဂုဏ်သိက္ခရှိတဲ့ ငြိမ်းချမ်းရေးမျိုးဖြစ်ဖို့လိုတယ်။” [caption id="attachment_77443" align="aligncenter" width="524"]တွန်မာလင်နော့စကီး (အလယ်) တွန်မာလင်နော့စကီး (အလယ်)[/caption] ဒုတိယအကြိမ် မြန်မာ-အမေရိကန် လူအခွင့်အရေး ဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့နေတွေက နေပြည်တော်မှာ ကျင်းပခဲ့တာပါ။ အဲ့ဒီဆွေးနွေးပွဲမှာ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးခွဲ အမြန်ဆုံး ဖွင့်လှစ်နိုင်ရေးအခြေအနေတွေ  ဖွဲ့စည်းပုံပြင်ရေး ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးမှာ ပူးပေါင်းဆောင်ရွက်ရေးတွေ ဆွေးနွေးခဲ့ကြပါတယ်။ နိုင်ငံသားတွေကို ကာကွယ်ဖို့ လူ့ခွင့်အရေး လိုက်နာဖို့တွေလည်း ဆွေးနွေးခဲ့ပါတယ်။ ပြီးတော့ ရွာပုန်းရွာရှောင်ဒုက္ခသည် (အိုင်ဒီပီ) တွေနဲ့ ဒုက္ခသည်တွေအတွက် လွတ်လပ်တဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးတွေကိုလည်း ဆောင်ရွက်ဖို့ တိုက်တုန်းကြောင်း ရှင်းလင်းပွဲမှာ ပြောပါတယ်။ ပထမအကြိမ် မြန်မာ-အမေရိကန် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲကိုတော့ ပြီးခဲ့တဲ့ ၂၀၁၂  အောက်တိုဘာလက ကျင်းပခဲ့တာဖြစ်ပါတယ်ါ။ အမေရိကန် အစိုးရရဲ့ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး တွမ်မာလင်နော့စကီးဟာ ဇန်န၀ါရီ ၁၁ ရက်နေ့က မြန်မာနိုင်ငံကို လာရောက်ခဲ့တာ ဖြစ်ပါတယ်။ ခရီးစဉ်အတွင်းမှာ မြန်မာပြည်အခြေအနေမှန်ကို နားလည်ဖို့ နယ်ပယ်စုံက အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် အစိုးရခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာ ဇန်န၀ါရီ ၁၄-၁၅ ရက်နေ့မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up