A d v e r t i s e m e n t With Us

မိုဟာမက်ပုံပါကာတွန်း ချာလီဟပ်ဘဒိုမဂ္ဂဇင်း ထပ်မံဖော်ပြမှု အယ်လ်ဂျီးရီးယားတွင် ဆန္ဒပြ

ပြင်သစ်အခြေစိုက် ချာလီဟပ်ဘဒို မဂ္ဂဇင်း ကာတွန်းကို အယ်ဂျီရီးယား နိုင်ငံမှာ မနေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ Untitled-7 copyပါရီက မဂ္ဂဇင်းတိုက်ကို အကြမ်းဖက်သမားတွေ တိုက်ခိုက်လို့ လူ ၁၂ ယောက် သေဆုံးတဲ့ အဖြစ်အပျက်အပြီး ထုတ်ဝေလိုက်တဲ့ တမန်တော် မိုဟာမက် ပုံပါတဲ့ ကာတွန်းလည်း မွတ်စလင်ကမ္ဘာမှာ မကျေနပ်စရာ ဖြစ်နေတာပါ။ ဆန္ဒပြသမားတွေက ကာတွန်းဟာ တမန်တော် မွတ်ဟာမက်ကို မလေးစားရာရောက်တယ်လို့ ပြောပြီး ဒီလို လုပ်နေတာကို ချက်ချင်း ရပ်ပေးဖို့ တောင်းဆိုကြပါတယ်။ ဆန္ဒပြပွဲဟာငြိမ်းချမ်းတဲ့ ဆန္ဒထုတ်ဖော်မှုဖြစ်ပြီး မွတ်စလင်တွေဟာ အကြမ်းဖက်သမားတွေ မဟုတ်ဘူးလို့ ဆန္ဒပြသမားတဦးက ပြောပါတယ်။ အယ်ဂျီရီးယားအစိုးရက မြို့တော်မှာ ရှိတဲ့ ပြင်သစ်သံရုံးကိုလည်း လုံခြုံရေး တင်းကျပ်ထားကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up