အေဂျက်အသင်းက ဂရိုနင်ဂန်ကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိ

740
ဇန်နဝါရီ ၁၆ ရက်မှာ ယှဉ်ပြိုင်သွားတဲ့ နယ်သာလန်အမှတ်ပေးလိဂ် အေဂျက်နဲ့ ဂရိုနင်ဂန် ပွဲစဉ်မှာတော့ အေဂျက်အသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် အေဂျက်အသင်းဟာ ဇယားထိပ်က ပီအက်စ်ဗီနဲ့ ၁ မှတ်အကွာအနေအထားကို ရောက်ရှိသွားပါတယ်။
ဒီပွဲစဉ်မှာ အေဂျက်အသင်းဟာ ခြေအသာမရခဲ့ဘဲ ပြိုင်ဘက်အသင်းရဲ့ တိုက်စစ်ဆင်ကစားမှုတွေကိုပဲ ကာကွယ်ဖျက်ထုတ်နေရပြီး ပွဲချိန် ၁၅ မိနစ်အရောက်မှာတော့ တန်ပြန်တိုက်စစ်ကနေတဆင့် တိုက်စစ်မှူး ကစ်ရှ်နာရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
လက်ကျန်ပွဲချိန်တွေမှာလည်း ဂရိုနင်ဂန်အသင်းကပဲ ဖိကစားထားပြီး ပွဲပြီးဆုံးဖို့ စက္ကန့်ပိုင်းအလိုမှာပဲ တန်ပြန်တိုက်စစ်ကနေတဆင့် အေဂျက်ရဲ့ ထိုးဖောက်မှုကို တဖက်နောက်ခံလူက ဖျက်ထုတ်ရင်း ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့လို့ အေဂျက်က ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။
အေဂျက်အသင်းဟာ နောက်တပတ်ပွဲစဉ်မှာ နယ်သာလန်လိဂ် အသင်းကြီးတစ်သင်းဖြစ်တဲ့ ဖီယင်နော့ အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
