ပါရီတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ၁၂ ဦးကို ပြင်သစ်ရဲ ဖမ်းဆီးစစ်ကြော

744
ပြီးခဲ့တဲ့တပတ် ပါရီမြို့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး လူ ၁၂ ဦးကို ပြင်သစ်ရဲတွေက မနေ့ ဖမ်းဆီးလိုက်ပါတယ်။
[caption id="attachment_77427" align="aligncenter" width="564"]
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ[/caption]
သေနတ်သမားတွေကို လက်နက်တွေ၊ ကားတွေကို ကူညီထောက်ပံ့ပေးခဲ့ခြင်း ရှိ၊ မရှိ စစ်ကြောနေတယ်လို့ ပြင်သစ်ရဲက ပြောပါတယ်။
တိုက်ခိုက်မှုတွေအပြီး ပါရီမြို့တော် မြို့နယ် ၅ မြို့နယ်မှာ ပြင်သစ်ရဲတွေက စီးနင်းရှာဖွေခဲ့ကြတာပါ။
မဂ္ဂဇင်းတိုက် တိုက်ခိုက်ခံရမှုမှာ သေဆုံးသွားခဲ့တဲ့ အယ်ဒီတာအပါအ၀င် မဂ္ဂဇင်းတိုက်သားရဲ့ အသုဘအခမ်းအနားကိုလည်း ပါရီမြို့တော်မှာ မနေ့က ကျင်းပခဲ့ပါတယ်။
ပြင်သစ်နိုင်ငံတ၀ှမ်း ရဲနဲ့ တပ်အင်အား ၁ သိန်း ၂ သောင်းနဲ့ လုံခြုံရေး အဆင့်မြှင့်ထားဆဲဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ပါရီမြို့တော်ကို မနေ့က ရောက်ရှိလာပြီး တိုက်ခိုက်မှုတွေအတွင်း သေဆုံးသွားသူတွေအတွက် အောက်မေ့ဖွယ်အခမ်းအနားကို ပါရီမြို့တော်ဝန် Anne Hidalgo နဲ့အတူ တက်ရောက်ပြီး အားပေးစကားပြောဆိုခဲ့ပါတယ်။
ဇန်န၀ါရီ ၁၅ ရက်နေ့ကလည်း ဘယ်ဂျီယမ်နိုင်ငံမှာ အကြမ်းဖက်သမား ၂ ဦးကို ရဲလုံခြုံရေးတွေက အသေပစ်သတ်ခဲ့သလို ဂျာမနီနိုင်ငံမှာလည်း အကြမ်းဖက်မှုနဲ့ ပတ်သက်သူ ၂ ဦးကို မနေ့က ဖမ်းဆီးခဲ့ပါတယ်။
ပါရီသေနတ်သမားတဦးဟာ တိုက်ခိုက်မှုတွေ မလုပ်ခင် စပိန်နိုင်ငံ၊ မဒရစ်မြို့ကို သွားရောက်လည်ပတ်ခဲ့တာကြောင့် စပိန်နိုင်ငံမှာလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြပါတယ်။